တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ


ရန်ကုန်၊ မတ် ၁

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် မှော်ဘီမြို့နေ ဒေါ်နွယ်နွယ်သင်းမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်ပါခရီးသည်များတွင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန် ဆေးရုံကြီး၌ ကျား(၂)ယောက်၊မ(၅)ယောက်မှာ အတွင်းလူနာ(စိုးရိမ်ရ)များ အဖြစ်လည်းကောင်း၊ တိုက်ကြီးဆေရုံ၌ ကျား(၁၀)ယောက်၊ မ(၂)ယောက်မှာ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါသည်။

ယင်းကဲ့သို့ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုးမင်းထိုက် ကို တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၄၊ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 05:37 Rating: 5
Powered by Blogger.