ယာဉ်၏နောက်ဘက်တွင်သွားရောက်အိပ်နေသူကို ယာဉ်နောက်ဆုတ်စဉ် နင်းမိသဖြင့်သေဆုံး


ရန်ကုန်၊ မတ် ၁၅

၁၄.၃.၂၀၁၄ရက်နေ့ ၁၇၀၀အချိန် လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ အ၀င်ကားလမ်းဘေး ငမိုးရိပ်ချောင်း တံတားထိပ်တွင် ယာဉ်မောင်း ဦးရဲနိုင်မောင်းနှင်သည့် 3B---UD(၁၀)ဘီးယာဉ်ပေါ်မှ ကျောက်မီးသွေးများကို အလုပ်သမားများ ဖြစ်ကြသောဒဂုံမြို့သစ်(အရှေ့ပိုင်း)မြိုကနယ်နေနိုင်မင်း၊ မျိုးမြင့်တို့မှ ယာဉ်မောင်းနေလင်းထွန်း မောင်းနှင်သည့် 2G--- Faw အမျိုးအစား ယာဉ်ပေါ်သို့ ပြောင်းကာ တင်ဆောင်ခဲ့ပြီး နာရီဝက်ခန့် အကြာတွင် အလုပ်သမား နိုင်မင်းမှာ အပေါ့သွားမည်ဟုပြောကာ ယာဉ်ပေါ်မှ ဆင်းသွားခဲ့ပြီး2G---ယာဉ်၏နောက်ဘက်(၁၀)ပေခန့်အကွာ၌ သွားရောက်အိပ်ပျော်နေသည်ကို ယာဉ်မောင်း ဖြစ်သူ နေလင်းထွန်းမှ မသိသဖြင့် ယာဉ်ကိုနောက်ဆုတ်မောင်းနှင်စဉ် အိပ်ပျော်နေသည့် နိုင်မင်းအား နောက်ယာဘက်ဘီးဖြင့် ကြိတ်မိခဲ့၍ နိုင်မင်းမှာ ဦးခေါင်းပြား၊ ၀ဲလက်ကျိုးဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်းနေလင်းထွန်း(ဘ)ဦးအုန်းမောင်၊ လှည်းကူးမြို့နယ်အား ငါးဆူတောင်နယ်မြေရဲစခန်းယာဉ်(ပ)၁/၂၀၁၄၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



ယာဉ်၏နောက်ဘက်တွင်သွားရောက်အိပ်နေသူကို ယာဉ်နောက်ဆုတ်စဉ် နင်းမိသဖြင့်သေဆုံး ယာဉ်၏နောက်ဘက်တွင်သွားရောက်အိပ်နေသူကို ယာဉ်နောက်ဆုတ်စဉ် နင်းမိသဖြင့်သေဆုံး Reviewed by သစ်ထူးလွင် on 17:36 Rating: 5
Powered by Blogger.