ဦးတေဇကို အမေရိကန် ၂ ဦးက တရားစွဲ


အဲပုဂံ၊ ထူးကုမ္ပဏီများနဲ့ ဦးတေဇကို အမေရိကန် ၂ ဦးက အမေရိကန်နိုင်ငံရဲ့ စူပါ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံ တရားရုံးတွေမှာ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲထားကြောင်း ဦးတေဇက သူ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

တရားစွဲတဲ့သူ ၂ ဦးက Mr. Allan Lokos နဲ့ Mrs. Susanna Weiss တို့ဖြစ်ပြီး အဲပုဂံလေယာဉ် XY-AGC ရှမ်းပြည်နယ် ခရီးစဉ်အသွား ပျက်ကျမှုမှာ ပါဝင်ခဲ့တဲ့သူတွေလို့ ဆိုပါတယ်။
လေယာဉ်ပျက်ကျမှုမှာ ထိခိုက်နစ်နာခဲ့ရမှုတွေအတွက် နိုင်ငံတကာ စံညွှန်းများနဲ့အညီ အာမခံကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ခရီးသည်တွေကို ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း၊ ဒါပေမယ့် အမေရိကန်နိုင်ငံသား ၂ ဦးက အကြိမ်ကြိမ် ခြိမ်းခြောက်မှုဆန်တဲ့ ငွေကြေးတောင်းခံမှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ “Super Power” ကို အသုံးချကာ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး တောင်းခံတယ်လို့ သိရပါတယ်။

နိုင်ငံ ၃ နိုင်ငံက တရားရုံး ၃ ခုမှာ သူ့ကို တရားစွဲဆိုထားတာကို ရှောင်ပုန်းနေမှာ မဟုတ်ဘဲ အမှန်တရားအတွက် မြန်မာနိုင်ငံသားတဦးအနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဦးတေဇက ဆိုပါတယ်။

ဒါဟာ ထူးစီးပွားရေးကို ထူထောင်လာတာ ၂၅ နှစ်အတွင်း ပထမဆုံး ကြုံတွ့ရတဲ့ တရားစွဲဆိုမှုလို့ သိရပါတယ်။

By ဒီဗွီဘီ


ဦးတေဇကို အမေရိကန် ၂ ဦးက တရားစွဲ ဦးတေဇကို အမေရိကန် ၂ ဦးက တရားစွဲ Reviewed by သစ်ထူးလွင် on 16:49 Rating: 5
Powered by Blogger.