အမျိုးသမီးတစ်ဦး နွံအိုင်အတွင်း စောက်ထိုးကျ၍ နစ်မြုပ်သေဆုံး


ရန်ကုန်၊ မတ် ၂၁

၂၀.၃.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် သုံးခွမြို့ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သုံးခွမြို့နယ်၊ အနောက်ကျေးရွာ၌ အမျိုးသမီးတစ်ဦး ရေခန်းနေသည့် ရေကန်အတွင်း နွံနစ်သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်တင်စန်း၊ (၅၅)နှစ်ဖြစ်ပြီး ၎င်းသည် နေအိမ်မြောက်ဘက်ရှိ အကျယ်(၃၀)ပေခန့်ရှိ ရေခမ်းစ ပြုနေသောရေကန်အတွင်း၌ နွံအနက်(၄)ပေ ခန့်ရှိ နွံအိုင်အတွင်း စောက်ထိုးကျလျက် ခါးတစ်ဝက်ခန့်နစ်မြုပ်ကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူ၏နေအိမ်တွင် အခြားမိသားစုမရှိဘဲ ခင်ပွန်းဖြစ်သူနှင့်(၂)ဦးတည်းသာ နေထိုင်ကြောင်း၊ ၎င်းသည် ယခင်ရက်များက နွံအိုင်အတွင်းရှိ ငါးများကို သစ်သားတံတားပေါ်မှငုံ့၍ ဖမ်းလေ့ရှိကြောင်း၊ အခင်းဖြစ်နေ့ ၁၀၀၀ အချိန်ခန့်က ခင်ပွန်းဖြစ်သူသည် အပြင်မှနေအိမ်သို့ ပြန်ရောက်စဉ် သေဆုံးသူအားမတွေ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ ယင်းကဲ့သို့သေဆုံးနေသည်ကိုတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သုံးခွမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



အမျိုးသမီးတစ်ဦး နွံအိုင်အတွင်း စောက်ထိုးကျ၍ နစ်မြုပ်သေဆုံး အမျိုးသမီးတစ်ဦး နွံအိုင်အတွင်း စောက်ထိုးကျ၍ နစ်မြုပ်သေဆုံး Reviewed by သစ်ထူးလွင် on 16:51 Rating: 5
Powered by Blogger.