ထိုင်းနှင့်မြန်မာအကြားဝင်ငွေကွာဟမှုကြောင့် ထိုင်းရောက်ကြေးကွင်းဝတ်ကယန်းများ နေရပ်ပြန်မလာနိုင်


လက်ရှိရရှိနေသည့် ဝင်ငွေ အတိုင်း မြန်မာနိုင်ငံတွင် မရရှိနိုင် သောကြောင့် ထိုင်းနိုင်ငံရောက် ကြေး ကွင်းဝတ် ကယန်း(ပဒေါင်)တိုင်းရင်း သားများအနေဖြင့် မြန်မာနိုင်ငံသို့ပြန် မလာကြခြင်းဖြစ်ကြောင်း ကယား ပြည်နယ်အခြေစိုက် ကယန်းအမျိုး သားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးပေါလုချမ်းကပြောသည်။

''သူတို့ကို ပြန်လာစေချင်တယ်။ သွားခေါ်တော့ ပြန်လာတဲ့သူလဲ ပြန် လာပါတယ်။ သွားလိုက်လာလိုက် ပေါ့။ ပြန်လာနေဖို့ အဓိကအခက်အခဲ ကငွေပဲ။ ဟိုမှာ(ထိုင်းမှာ)အလုပ်လုပ် တာ မပင်ပန်းဘဲနဲ့ ငွေက များများရ နေတယ်။ အဲဒီမှာက တွက်ခြေကိုက် တော့ မစွန့်လွှတ်နိုင်ဘူးဖြစ်နေတယ်'' ဟု ဦးပေါလုချမ်းက ပြောသည်။

လည်ပင်းကြေးကွင်းဝတ် က ယန်း(ပဒေါင်)များသည် ထိုင်းနိုင်ငံ တွင် ¤င်းတို့၏ ရိုးရာယဉ်ကျေးမှုဝတ် စုံများကို ဝတ်ဆင်ပြသခြင်း၊ ရိုးရာ ဓလေ့များကိုပြသခြင်း၊ ဂျက်ခုတ်ရက် ခြင်း(ရက်ကန်း)၊ ခရီးသွားနှင့်ဓာတ် ပုံတွဲရိုက်ခြင်း အစရှိသည်ဖြင့် ကမ္ဘာ လှည့်ခရီးသွားများကို ဆွဲဆောင် သည့် လုပ်ငန်းလုပ်ကိုင်နေကာ တစ် ရက်ဝင်ငွေကျပ် ၁၅ဝဝဝ ခန့်ရရှိနေ ကြောင်း သိရသည်။

အဆိုပါ ကယန်း(ပဒေါင်)တိုင်း ရင်းသားများ နေထိုင်နေကြသည့်နေ ရာကို လူသားတိရစ္ဆာန်ရုံဟုလူသိများ သည့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ် ဟောင်ဆောင်ခရိုင်ရှိ ကယန်းသာ ယာရွာ၊ ဟွေ့စူးထောက်ရွာ၊ ဟွေ့ပူ ကဲရွာ၊ ချင်းမိုင်ခရိုင်နှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ဒေသများတွင် နေထိုင်နေကြကြောင်း သိရသည်။

ကယန်း(ပဒေါင်)တိုင်းရင်းသား များနေထိုင်နေကြသည့် ရွာအတွင်း သို့ ခရီးသွားများ လည်ပတ်မည်ဆိုပါ က အဆိုပါရွာများ၏ တာဝန်ရှိသူထံ ဝင်ကြေးပေးဆောင်ရကြောင်း သိရ သည်။

ကယားပြည်နယ်ရှိ ကယန်း (ပဒေါင်)လူမျိုးများ နေထိုင်ကြသည့် ဒေသတွင် ရာသီဥတုအေးခြင်း၊ ရေ ရှားပါးခြင်း၊ ရေကိုသုံးစွဲနိုင်ရန် မိုးရေ ကိုကန်တူး၍ သိုလှောင်သုံးစွဲနေရ ခြင်းတို့ကြောင့် သီးနှံနှင့် လယ်ယာစိုက် ပျိုးရေးလုပ်ကိုင်ရန် အခက်အခဲရှိ ခြင်း၊ ထို့ပြင် လမ်းပန်းဆက်သွယ်ရေး မကောင်းသောကြောင့် ရရှိလာသည့် သီးနှံများကို ရောင်းချနိုင်ရန် အခက် အခဲများရှိကြောင်း ကယန်း (ပဒေါင်) လူမျိုးတစ်ဦးက ပြောသည်။

''ဒီမှာက အလုပ်မကောင်းဘူး။ ပင်ပန်းတယ်။ ဒီမှာနေပြီး ယာလုပ်တဲ့ သူတွေတော့ ရှိတာပေါ့။ အများစုက ဟိုမှာ(ထိုင်း)သွားလုပ်ကြတယ်။ ပြန် လာတဲ့သူကလဲ အလုပ်ကောင်းတယ်။ လိုက်ခဲ့ဆိုတော့ လိုက်သွားကြတယ်။ ငွေစုတယ်။ ဒီမှာအိမ်ပြင်တာ မြေဝယ် တာလုပ်ကြတယ်''ဟု ကယန်း(ပဒေါင်) လူမျိုးဖြစ်သူ ဦးယွမ့်ကပြောသည်။

မင်းဟိန်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၁)

Yangon Media Group


ထိုင်းနှင့်မြန်မာအကြားဝင်ငွေကွာဟမှုကြောင့် ထိုင်းရောက်ကြေးကွင်းဝတ်ကယန်းများ နေရပ်ပြန်မလာနိုင် ထိုင်းနှင့်မြန်မာအကြားဝင်ငွေကွာဟမှုကြောင့် ထိုင်းရောက်ကြေးကွင်းဝတ်ကယန်းများ နေရပ်ပြန်မလာနိုင် Reviewed by သစ်ထူးလွင် on 16:13 Rating: 5
Powered by Blogger.