ကုန်ပစ္စည်းကြော်ငြာလုပ်ငန်း လုပ် ကိုင်သော လုပ်ငန်းရှင်များ၊ ကြော်ငြာ သရုပ်ဆောင်များအနေဖြင့် နောက်ဆက် တွဲ အကျိုးဆက်များကို တာဝန်ယူရတော့ မည်ဖြစ်ကြောင်း သိရသည်။
မတ်၁၄ ရက်က နိုင်ငံတော်လက် မှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်က ပြ ဋ္ဌာန်းလိုက်သည့် စားသုံးသူအကာအကွယ် ပေးရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင် များ(သို့မဟုတ်) ကြော်ငြာလုပ်ငန်းဆောင် ရွက်သူတို့သည် မိမိတို့ကြော်ငြာ၏အကျိုး ဆက်များကို တာဝန်ယူရမည်ဖြစ်သည်။
အဆိုပါဥပဒေပုဒ်မ(၁၄)အရ ကုန် စည်(သို့မဟုတ်) ဝန်ဆောင်မှု၏ ပေးအပ် နိုင်သောအချိန်၊ အာမခံပေးထားမှုအပေါ် မဟုတ်မမှန်သော သတင်းအချက်အလက် များပါဝင်သည့် ကြော်ငြာများ၊ ယင်းတို့ကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုအား အ သိပေးခြင်းမရှိသော ကြော်ငြာများ၊ ဥပ ဒေပြဋ္ဌာန်းချက်များ၊ လူမှုကျင့်ဝတ်များ ကို ဖောက်ဖျက်သည့် ကြော်ငြာများကို စီးပွားရေးလုပ်ငန်းရှင်များမှ ကြော်ငြာ ခြင်းမပြုလုပ်ရန် ပြဋ္ဌာန်းထားသည်။
''နိုင်ငံတကာမှာဆိုရင် လုပ်ငန်းရှင် တွေတင်မကဘူး ကြော်ငြာတဲ့မင်းသား၊ မင်းသမီး၊ မော်ဒယ်တွေကပါ ကိုယ်ကြော် ငြာတဲ့ ကုန်ပစ္စည်းကို တာဝန်ယူရပါတယ်။ ကိုယ့်နိုင်ငံမှာလဲ တာဝန်ယူသင့်ပါတယ်'' ဟု စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
ပုဒ်မ ၁၄ အပါအဝင် ပုဒ်မ (၉၊ ၁ဝ၊ ၁၁၊ ၁၂၊ ၁၃)ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက မည်သည့်စီးပွားရေးလုပ် ငန်းရှင်မဆို သုံးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေ ပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားသည်။
ချစ်ချစ် ၊ ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၂)
Yangon Media Group
ကုန်ပစ္စည်းကြော်ငြာလုပ်ငန်းများ စားသုံးသူအခွင့်အရေးအတွက် တာဝန်ယူရတော့မည်
Reviewed by သစ်ထူးလွင်
on
10:52
Rating: