ပျောက်နေဆဲလေယာဉ်ကို ရှာဖွေမှုတွေ တိုးလုပ်


မလေးရှား လေကြောင်းလိုင်းက ပျောက်ဆုံးနေတဲ့ MH ၃၇၀ လေယာဉ်က ဖြစ်နိုင်ဖွယ်တဲ့ ပစ္စည်းတချို့ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ပြင်သစ်ဂြိုလ်တုက ထပ်တွေ့ခဲ့ပြီးတဲ့နောက် အစွန်အဖျား နေရာတွေမှာပါ၊ ပိုက်စိပ်တိုက် တိုးမြှင့် ရှာဖွေနေကြပါတယ်။

အရင် တရုတ်နဲ့ သြစတြေးလျ ဂြိုလ်တုတွေက တွေ့ခဲ့တဲ့ နေရာနဲ့ မိုင် ၅၀ဝ ကျော်လောက်အကွာမှာ အခုထပ်တွေ့ခဲ့တာလို့ ဆိုပါတယ်။

ပျောက်ဆုံးခဲ့တာ ၂ ပတ် ကျော်ကြာခဲ့ပေမယ့် လေယာဉ်ကို တွေ့မြင်မှုနဲ့ ပတ်သက်တဲ့ ခိုင်မာတိကျတဲ့ သတင်း တစုံတရာ မရသေးပါဘူး။

ရှာဖွေရေးမှာ ပူးပေါင်း ကူညီနေတဲ့ သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ် Tony Abbott က ဖြစ်နိုင်ချေရှိတဲ့ ပုံရိပ်တွေ ထပ်တွေ့လာရတာကြောင့် မျှော်လင့်ချက် ပိုများလာတယ်၊ ဒါပေမယ့် မျှော်လင့်ရုံသက်သက်ပါလို့ ပြောခဲ့ပါတယ်။

သြစတြေးလျရဲ့ အရပ်ဘက် လေယာဉ် ၄ စင်း၊ အမေရိကန်လေယာဉ်တစင်း အပါအဝင် စုစုပေါင်း လေယာဉ် ၈ စင်းနဲ့ ရှာဖွေတာတွေ လုပ်နေပါတယ်။

တရုတ်လေယာဉ် ၂ စင်းဟာ တနင်္လာနေ့မှာ၊ ဩတြေးလျား အနောက်ဘက်ပိုင်းကနေ ပျံသန်းကာ၊ ရှာဖွေရေးမှာ အားဖြည့်မယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

လောလောဆယ် ဂြိုလ်တုက တွေ့တယ်ဆိုတဲ့ နေရာတဝိုက်မှာ သြစတြေးလျ ရေတပ်သင်္ဘာတစင်းရောက်နေပြီး အမေရိကန်၊ ယူကေနဲ့ တရုတ်သင်္ဘာတွေကတော့ အဲဒီနေရာကို သွားနေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဂြိုလ်တုက ထပ်တွေ့ရတဲ့ ပုံရိပ်

ပျောက်နေဆဲလေယာဉ်ကို ရှာဖွေမှုတွေ တိုးလုပ် ပျောက်နေဆဲလေယာဉ်ကို ရှာဖွေမှုတွေ တိုးလုပ် Reviewed by သစ်ထူးလွင် on 07:14 Rating: 5
Powered by Blogger.