လှည်းကူးမြို့နယ် ကျေးရွာနှစ်ရွာကို စစ်တပ်ကအဓမ္မပြောင်းရွှေ့ (ရုပ်/သံ)


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဇရပ်ကွင်းအုပ်စု လက်ကျိုက်ကျေးရွာကို ဖေဖော်ဝါရီလတုန်းက တပ်မ ၁၁ လက်အောက်ခံ ခမရ (၂၁၉) က အတင်းအဓမ္မပြောင်းရွှေ့ခဲ့ပြီး အိမ်ခြေ ၄၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ကျိုက်ကျေးရွာဟာ ၁၉၅၀ ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့ကျေး၇ွာဖြစ်ပါတယ်။

အလားတူ လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာအုပ်စု အင်းပတီးကျေးရွာကိုလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျေးရွာအနီးတဝိုက်မှာ အခြေစိုက်တဲ့ အကြပ်ကြီးသင်တန်းကျောင်းတပ်သားတွေက အဓမ္မပြောင်းရွှေ့ခဲ့ပြီး အိမ်ခြေ ၆၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



လှည်းကူးမြို့နယ် ကျေးရွာနှစ်ရွာကို စစ်တပ်ကအဓမ္မပြောင်းရွှေ့ (ရုပ်/သံ) လှည်းကူးမြို့နယ် ကျေးရွာနှစ်ရွာကို စစ်တပ်ကအဓမ္မပြောင်းရွှေ့ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 17:35 Rating: 5
Powered by Blogger.