နေပြည်တော်၊ မတ် ၈
၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၁၂ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ သစ်ရာကောက်- ကိုးပင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆/၄-၅)ကြား၊ လက်ပံရွာသစ်ရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ မိကျောင်းရဲနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မကွေးမြို့နယ်၊ သပွတ်ကျောရွာနေ စိုးတင့်(၃၅)နှစ်မောင်းနှင်သော ၉ဌ/xxxxဖော အပြာရောင်ယာဉ်သည် ခရီးသည်နှင့်ကုန်စုံများတင်ဆောင်၍ မကွေးမြို့မှသပွတ်ကျောရွာသို့မောင်းနှင် လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် သပွတ်ကျောရွာနေသူများဖြစ်သည့် ဒေါ်စန်းဝင်း(၄၀)နှစ်၊ ဒေါ်တင်ရင်(၄၅)နှစ်၊ မသင်းသင်းလှ(၃၇)နှစ်နှင့် မစိန်စိန်နု(၃၈)နှစ်တို့ ၄ ဦးမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း စိုးတင့် ပါ(၁၄)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးတင့်အား မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်၍ ၄ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
20:42
Rating: