ရေစကြို မတ် ၈ ရက်။
ပြီးခဲ့တဲ့ မတ်လ(၈)ရက်နေ့ က မကွေးတိုင်း ဒေသကြီး လွှတ်တော်မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဖြစ်သူ ဦးပြည့် ခေါ်ဦးမြင့်နိုင် သည် ရေစကြိုမြို့နယ် ကူနီနတ်နန်းမှ နတ်ဆက်သောက်စားပြီး ပြန်အလာ၊ ကံသစ်ကျေးရွာ အနောက်ဘက်ရှိ အလှူခံ မဏ္ဍပ်တစ်ခုရှေ့ အရောက်တွင် အလှူခံနေကြသော လုံမငယ်နှစ်ယောက်ကို ကားဖြင့် တိုက်မိခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
ကားတိုက်မှုဖြစ်ပွားစဉ် ၀န်ကြီးမောင်းနှင်တဲ့ ကားပေါ်မှာ မြို့နယ်ဒု-အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း နှင့် SB(ရဲထောက်လှမ်းရေး) ဦးမျိုးကြည်တို့လည်း အတူ ပါခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ၀န်ကြီးနဲ့ အဖွဲ့ ဟာ နန်းဦးထန်းတောရွာ ကူနီနတ်နန်းမှ နတ်တက်နတ်ဆက်ပြီး ပြန်လာကြတာ ဖြစ်ပါတယ်။
အလှူခံ မဏ္ဍပ်တစ်ခုရှေ့ မှာ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးများမှာ (၁)မငြိမ်း(ဘ)ဦးမှန်ချိန်၊ ကံပေါက်ရွာ၊နှင့် (၂)မနွယ်ဝင်း(ဘ)ဦးမြ၀မ်း၊ ဘောင်ပဲ့တန်းရွာ တွေက ဖြစ်ကြောင်း သစ်ထူးလွင် က စုံစမ်းသိရှိရပါတယ်။
ယာဉ်တိုက်ခံရတဲ့ သူတွေကို ယခုအခါ ပခုက္ကူဆေးရုံသို့ တင်ပို့ကုသထားကြောင်းလည်း သိရပါတယ်။
ထိခိုက်ဒဏ်ရာ အနည်းအများ အခြေအနေကိုတော့ မသိရသေးပါ။ မျက်မြင်သက်သေတို့၏ ပြောစကားအရတော့ အကျိုးအပဲ့လွတ်တယ်လိုဆိုပြီး၊ အပေါ်ရံပွန်းပဲ့ဒဏ်ရာလောက်သာ ရတယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုနဲ့ ပါတ်သတ်ပြီး ဒေသခံတဦးကတော့ *နတ်ပွဲတွင်း အလှူခံမဏ္ဍပ်များ စည်းကမ်းပျက်ခြင်း၊ * နတ်ပွဲတွင်း မူးရစ်သောက်စားကာ သတိလွတ် မောင်းနှင်ခြင်း တို့ကြောင့် ယခုလို မလိုအပ်သော ပြဿနာများ ကြုံတွေ့ကြရခြင်းဟု ယူဆကြောင်း သစ်ထူးလွင် ကို ပြောပါတယ်။
BY THIT HTOO LWIN
ယာဉ်တိုက်မှုဖြစ်ပွားတဲ့ နတ်ပွဲအလှူခံမဏ္ဍပ် |
တိုင်းဒေသ ၀န်ကြီး တဦး နတ်ပွဲအလှူခံမဏ္ဍပ်မှာ ကားတိုက်မှုဖြစ်
Reviewed by သစ်ထူးလွင်
on
09:03
Rating: