နေပြည်တော်၊ မတ် ၆
၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊ သလုံးသွေးကျေးရွာနေ ဦးဖိုးကောင်း(၇၉)နှစ်၏ နေအိမ်မီးဖိုမီးကြွင်း မီးကျန်မှ တစ်ဆင့် ပတ်ဝန်းကျင် နေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းကြောင်း သတင်းအရ မကွေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ သွားရောက်၍ ရွာသူ/သားများနှင့်အတူ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် နေအိမ်(၄၇)လုံး မီးလောင်ကျွမ်းခဲ့ရာ တန်ဘိုးငွေကျပ်(၂၅၈)သိန်း ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၄၇)စု၊ လူဦးရေစုစုပေါင်း(၂၄၃)ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သဖြင့် အမှတ်(၆၀)မူလတန်းလွန်ကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိ၍ မီးပေါ့ဆသူ ဖိုးကောင်းအား ချောက်မြို့မရဲစခန်း (ပ)၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
မီးပေါ့ဆ၍ နေအိမ်(၄၇)လုံး မီးလောင်ဆုံးရှုံး
Reviewed by သစ်ထူးလွင်
on
20:43
Rating: