ဟားခါးမြို့နယ် အတွင်း လေယာဉ် ပျက်ကျ


ရန်ကုန် ၊ မတ် ၂၀

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး နှင့် ဖလမ်း ခရိုင်နယ်နိမိတ် အနီးတွင် မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ကြောင်း မျက်မြင်တွေရှိသူ ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဟားခါးဒေသခံများက ပြောကြားသည်။

အဆိုပါ လေယာဉ်မှာ ဟားခါး-မှန်ဒေါ်-ကလေး ကားလမ်း လမ်းအနီးတွင်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောကြာသည်။

လေယာဉ်ပျက်ကျမှုကို The Voice မှ ယနေ့ ည ၁၁ နာရီအချိန် တွင်ချင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် သွားရောက်စစ်ဆေးရာ ဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

သတင်း အပြည့်အစုံကို မနက်ဖြန် မတ်လ ၂၁ ရက်နေ့ထုတ် The VOICE သတင်းစာတွင် ဖော်ပြပေးပါမည်။

The Voice Weekly



ဟားခါးမြို့နယ် အတွင်း လေယာဉ် ပျက်ကျ ဟားခါးမြို့နယ် အတွင်း လေယာဉ် ပျက်ကျ Reviewed by သစ်ထူးလွင် on 03:00 Rating: 5
Powered by Blogger.