ခဲအို ဓါးဖြင့် ထိုးသဖြင့် ခယ်မ ဖြစ်သူသေဆုံး


ပဲခူးမြို့မရဲစခန်းအပိုင် ပဲခူးမြို့ အင်းဝင်(၁၀)လမ်း၊ နန်းတော်ရာရပ်ကွက် တွင် (၁၂.၃၂၀၁၄)နေ့ ညနေ့(၅း၃၀)အချိန်ခန့်က ခဲအို ဓါးဖြင့် ထိုးသဖြင့် ခယ်မ ဖြစ်သူသေဆုံးသည့် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ဒေါ်ရီရီမြင့် (၅၆)နှစ်၊(ဘ)ဦးစံဝင်း၊ မှီခို ပဲခူးမြို့နေသူသည် နေအိမ်တွင် သမီးဖြစ်သူ မနေဇာလင်းနိုင်၊
မနေခြည်လင်းနိုင်တို့နှင့် အတူရှိနေစဉ် မနေဇာလင်းနိုင်နှင့် လင်မယားချင်း သဘောထား မတိုက်ဆိုင်၍ တရားရုံးတွင် ရင်ဆိုင်နေသူ ထွန်းနိုင်ဝင်း(၃၈)နှစ်၊ (ဘ)ဦးထွန်းရှင်၊ မှော်ကန် (၃)လမ်း၊ ပဲခူးမြို့နေသူသည် ၄င်း၏ဇနီးအိမ်သို့ အရက်သေစာ သောက်စားမူးယစ်၍ ရောက်ရှိလာပြီး နေအိမ်ရှိ ခြံတံခါးများအား ရိုက်ချိုးဝင်ရောက်ကာ ဓါးဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါသည်။

ဒေါ်ရီရီမြင့်၏(၀ဲ)လက်မောင်းတွင် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ၄င်း ဇနီးညီမ မနေခြည်လင်းနိုင်တွင် (၀ဲ) ပုခုံး ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီး ဒဏ်ရာရရှိသူ မနေခြည်လင်းနိုင်အား ပဲခူးပြည်သူ့ဆေးရုံသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်ပို့ဆောင်ခဲ့ပါသည်။

အဆိုပါအမှုအား ဒေါ်ရီရီမြင့်မှ ထွန်းနိုင်ဝင်းအား အရေးယူ ပေးပါရန် ပဲခူးမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး မနေခြည်လင်းနိုင်မှာ ဆေးဝါးကူသမှုခံယူ နေစဉ် ၊ ည(၉း၄၅)အချိန်တွင် ရရှိထားသောဒဏ် ရာဖြင့် သေဆုံးသွားခဲ့ ကြောင်း သိရပါသည်။

ယခုအခါ ပဲခူးမြို့မရဲစခန်းမှ (ပ)၁၈၆/၂၀၁၄ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆/၄၅၂မှ၃၀၂သို့ ပြောင်းလဲအမှုဖွင့် အရေးယူထားပြီး တရားခံထွန်းနိုင်ဝင်းအား အမြန်ဖမ်းဆီး ရမိရေး အတွက် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Ko Thant Zin

BY THIT HTOO LWIN


ခဲအို ဓါးဖြင့် ထိုးသဖြင့် ခယ်မ ဖြစ်သူသေဆုံး ခဲအို ဓါးဖြင့် ထိုးသဖြင့် ခယ်မ ဖြစ်သူသေဆုံး Reviewed by သစ်ထူးလွင် on 09:37 Rating: 5
Powered by Blogger.