အလောင်းတော်ကသပ ဘုရားဖူးပြန်လာသည့် ဒိုင်နာယာဉ် ချောက်ထဲ ထိုးကျ ၊ နှစ်ဦးသေဆုံး ၊၂၂ဦးဒဏ်ရာရ


မုံရွာ၊မတ်၊၂၃

အလောင်းတော်ကသပ ဘုရားဖူးပြန်လာသည့် ဒိုင်နာယာဉ်တစ်စီးသည် မတ်လ၂၃ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်က သနပ်ခါးရေစခန်း အနီး ကုန်းဆင်းတွင် ရှေ့မှလာသော ဆိုင်ကယ်ကိုရှောင်ရာမှ အရှိန်လွန်ပြီး လမ်း ၏လက်ယာက်ဘက် ရှိ ဝါးသုံးပြန်ခန့်နက်သော ချောက်အတွင်းသို့ ထိုးကျခဲ့ရာ ခရီးသည် နှစ်ဦးသေဆုံးပြီ ၂၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော လူမှုကူညီရေးအသင်းဝင်များ၏ ပြောကြားချက်အရသိရသည်။

ချောက်ထဲထိုးကျခဲ့သည့်ဒိုင်နာယာဉ်မှာအမရပူရမြို့နယ်ယဉ်တော်ရွာမှ အသိနှင့် ဆွေမျိုးသားချင်းများ စုပေါင်းပြီး အလောင်းတော်ကသပ ဘုရား ဖူးသွားရန် စုပေါင်းငှားလာသည့်ဒိုင်နာယာဉ်ဖြစ်ပြီး၊ကားပေါ်တွင်
ကလေး၊လူကြီးစုစုပေါင်း၂၆ဦးပါဝင်ခဲ့ကြောင်း ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး တစ်ဦးက ဆိုသည်။

သတင်းအပြည့်အစုံကို (မနက်ဖြန် )မတ်လ ၂၄ နေ့ထုတ် The VOICE သတင်းစာတွင်ဖော်ပြပေးပါမည်။

The Voice Weekly


အလောင်းတော်ကသပ ဘုရားဖူးပြန်လာသည့် ဒိုင်နာယာဉ် ချောက်ထဲ ထိုးကျ ၊ နှစ်ဦးသေဆုံး ၊၂၂ဦးဒဏ်ရာရ အလောင်းတော်ကသပ ဘုရားဖူးပြန်လာသည့် ဒိုင်နာယာဉ် ချောက်ထဲ ထိုးကျ ၊ နှစ်ဦးသေဆုံး ၊၂၂ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 08:09 Rating: 5
Powered by Blogger.