ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဗုံး ၄ လုံး ပေါက်ကွဲ


ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ မတ်လ ၂၁ ရက်နေ့ ညက နေရာ ၃ နေရာမှာ ဗုံး ၄ လုံး ပေါက်ကွဲခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ အခုချိန်ထိ ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် ဗုံးပေါက်ကွဲမှုတွေဟာ လူထုအလန့်တကြားဖြစ်အောင် တမင်ရည်ရွယ်ပြီး လုပ်တာ ထင်ရှားတယ်လို့ ဆိုပါတယ်။

ပထမဗုံးပေါက်ကွဲမှုကတော့ ပီတီတီ ဓါတ်ဆီဆိုင်တဆိုင်မှာ ည ၈ နာရီခွဲက ပေါက်ကွဲခဲ့တာဖြစ်ပြီး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၃ ဦးမှာ ဓါတ်ဆီဆိုင်ဝန်ထမ်းတွေဖြစ်ပြီး ၁ ဦးကတော့ ကားဆီလာဖြည့်တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ ဒဏ်ရာရသူအားလုံးကို နီးစပ်ရာဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။

ပထမပေါက်ကွဲမှုဖြစ်ပြီး ၁ နာရီအကြာမှာ ဘွန်းရော့အရက်ကုမ္ပဏီရုံးခန်းထဲကို ဗုံးနှစ်လုံး ပစ်သွင်းခဲ့ပြီး ဗုံး ၁ လုံးကတော့ ပေါက်ကွဲခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။

ည ၁၀ နာရီ ၁၅ မှာ အက်ဒမန်ပင်လယ်စာ စားသောက်ဆိုင်မှာ နောက်ဆုံးဗုံး ပေါက်ကွဲခဲ့ပြီး ကား ၂ စီး ပျက်စီးခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုမှာလည်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ အဆိုပါဗုံး ၃ လုံးပေါက်ကွဲခဲ့မှုကို ချင်းမိုင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

By ဒီဗွီဘီ



ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဗုံး ၄ လုံး ပေါက်ကွဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဗုံး ၄ လုံး ပေါက်ကွဲ Reviewed by သစ်ထူးလွင် on 17:56 Rating: 5
Powered by Blogger.