နေပြည်တော်၊ မတ် ၅
အခြေခံပညာ ဆရာ၊ ဆရာမ လုံလောက်မှု မရှိသော မူလတန်း ကျောင်းများနှင့် နေ့စား၊ လပေး ပညာရေးဝန်ထမ်း လိုအပ်နေသော ပညာရေး ရုံးများအတွက် ပညာရေးဝန်ထမ်း ငါးသောင်းကျော်ကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ထပ်မံ ခန့်သွားရန် လျာထားကြောင်း ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။
ကျောင်းအုပ် အပါအဝင် မူလတန်းပြ ဆရာ၊ ဆရာမ ငါးဦး မရှိသော အခြေခံပညာ ကျောင်းများအတွက် ယခုနှစ် ဇွန်လ မတိုင်မီ ခန့်အပ်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။
“ငါးသောင်းကျော်လောက် မှန်းထားပေမယ့် အခုထိတော့ ခန့်မှန်းနေတုန်းပါပဲ” ဟု ဒေါက်တာမျိုးသိမ်းကြီးက ဆက်လက် ပြောဆိုသည်။
အဆိုပါ ပညာရေး ဝန်ထမ်းများ အတွက် နေ့စား၊ လပေး ခန့်သွားရန် စီစဉ်ထားပြီး မူလတန်းပြ ဆရာ၊ ဆရာမများ ဆရာအတတ်သင် လက်မှတ် ရရှိရေးအတွက် မွမ်းမံ သင်တန်းများကိုလည်း ရက်ရှည် ကျောင်းပိတ်ရက်များတွင် သင်ကြားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဒေသခံ မဟုတ်သော မူလတန်းပြ ဆရာ၊ ဆရာမတို့ကို ဝေးလံသော ဒေသများသို့ ပြောင်းရွှေ့ ခန့်ထားခြင်းသည် အခြေခံ ပညာရေးစနစ်ကို ထိခိုက်စေနိုင်သည့် အပြင် ဆရာ၊ ဆရာမနှင့် ကျောင်းသားများ အကြား ဘာသာစကား အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန် ထောက်ပြသည်။
ယင်းကြောင့် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် နေ့စား၊ လပေး ပညာရေး ဝန်ထမ်း ငါးသောင်းနီးပါးကို နီးစပ်ရာ မြို့နယ်များတွင် ခန့်ထားပြီး ရာထူး အပြောင်းအရွှေ့ကိုလည်း လွတ်လပ်စွာ ရွေးချယ်ခွင့် ပြုခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
လာမည့် ပညာသင်နှစ် ပညာရေးဝန်ထမ်း ငါးသောင်းကျော် ခန့်ရန်စီစဉ်
Reviewed by သစ်ထူးလွင်
on
10:26
Rating: