မြိုင်မြို့နယ် အတွင်းရှိ တဲကြီး ကျေးရွာ တွင် သောက်သုံးရေ ပြတ်လပ် မှုများ ဖြစ်ပေါ်


မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူ ခရိုင်၊ မြိုင်မြို့နယ် အတွင်းရှိ တဲကြီး ကျေးရွာတွင် သောက်သုံးရေ ရှားပါးမှုနှင့် ရေပြတ်လပ်မှုများ ကို ကြုံတွေ့ ခံစားနေရ သဖြင့် အနယ်နယ် အ ရပ်ရပ်ရှိ ရေကုသိုလ်ရှင် များနှင့် စေတနာရှင် များ များစွာ လိုအပ်နေကြောင်း ဒေသခံများ က ပြောသည်။

အဆိုပါ တဲကြီးကျေးရွာသည် ဒေသခံ လူဦးရေ (၂၀၀၀) ကျော် နေထိုင် လျက်ရှိပြီး၊ လယ်ယာ ကိုင်းကျွန်းကို အဓိကထား စိုက်ပျိုး လုပ်ကိုင်နေကြ သောကြောင့် တိရိစ္ဆာန် နွား ကောင်ရေ (၇၀၀) ကျော်မှာလည်း သောက် သုံးရေ ရှားပါးမှုကို ယခုနှစ် အတွင်း စောစီး စွာ တွေ့ကြုံခံစား နေရကြောင်း သိရသည်။ လက်ရှိတွင် မိုးရာသီ အတွင်းကသိုလှောင် ထားသော ရေကန်များ တွင်လည်း ရေများ ခန်းခြောက် နေသဖြင့် ဒေသခံများနှင့် တိရိစ္ဆာန် များ အသက်ရှင်နိုင် ရေးအတွက် သောက်သုံး ရေများ လိုအပ် နေကြောင်း သိရသည်။

““ရွာမှာ ကန်ရေကို အားပြု သောက်သုံး နေရတာပါ။ ချိုးရေ အတွက်ဆိုရင် အတော်ကို ခက်ခဲ တယ်။ လေးမိုင် လောက်ဝေးတဲ့ နေရာ ကိုနွားလှည်းနဲ့ရေသွားပြီး၊ သယ်ယူ နေရတယ်။တစ်ခါတလေ ရေချိုးရင်တောင် ရေမြောင်း အောက်ဘက်မှာ တိရိစ္ဆာန်တွေကို သောက် ခိုင်းထား ရပါတယ်။ ရေလှူရှင် တွေ လိုအပ်နေ ပါတယ်””ဟု တဲကြီး ကျေးရွာမှ ကိုမျိုးက ပြောသည်။

ယင်းတဲကြီး ကျေးရွာတွင် ကန်ရေများ ခမ်းခြောက် နေသဖြင့် ဝေးလံသော ဒေသများ သို့ ရေ သွားရောက် ခပ်ယူနေ၊ အသုံးပြု နေကြ ပြီး၊ ရေတွင်း တူးလျှင်လည်း ပေ (၉၀၀) အ နက်အထိ တူးယူ နေရကြောင်း သိရသည်။ ယင်းကဲ့သို့ ရေရှားပါးမှု ဒဏ်ကို နှစ်စဉ်တွေ့ ကြုံ ခံစားနေရသော်လည်း ယခုနှစ်တွင် ရေရှား ပါးမှု စောလျင်စွာ ခံစားနေရသဖြင့် စေတနာ ရှင်များ လာရောက် လှူဒါန်းရန် လိုအပ်နေ ပြီး လှူဒါန်းလိုပါက၊ ဖုန်းနံပါတ် ၀၉- ၄၀၀၄ ၆၀၀၈၇ သို့ ဆက်သွယ် မေးမြန်း လှူဒါန်း နိုင်ပါ ကြောင်း သိရှိရသည်။

Messenger News Journal



မြိုင်မြို့နယ် အတွင်းရှိ တဲကြီး ကျေးရွာ တွင် သောက်သုံးရေ ပြတ်လပ် မှုများ ဖြစ်ပေါ် မြိုင်မြို့နယ် အတွင်းရှိ တဲကြီး ကျေးရွာ တွင် သောက်သုံးရေ ပြတ်လပ် မှုများ ဖြစ်ပေါ် Reviewed by သစ်ထူးလွင် on 16:25 Rating: 5
Powered by Blogger.