မိခင်ဖြစ်သူ နတ်ကွန်းသန့်ရှင်းရေး သွားလုပ်နေစဉ် အိမ်ကျန်ရစ်သည့် သမီးအား အဓမ္မပြုကျင့်ခံရ


မုံရွာ၊ မတ် ၂၃

မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာတွင် ယခုလ ၂၂ ရက်နေ့ မနက် ၉ နာရီက မိခင်ဖြစ်သူမှ နတ်စင်အား သန့်ရှင်းရေး သွားလုပ်နေစဉ် နေအိမ်၌ ကျန်ခဲ့သော အသက်(၁၂)နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ခံရသည့် ပြစ်မှုဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ညောင်ဖြူပင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောကြားသည်။

ဖြစ်စဉ်မှာ မုံရွာမြို့နယ်၊ ထနောင်းတော(တောင်)ကျေးရွာနေ ဥယျာဉ်ခြံလုပ်ငန်း၊ လုပ်ကိုင်သူ မ… ဆိုသူ သည် ရွာနတ်ကွန်းစင်အား သန့်ရှင်းရေးသွားလုပ်ပြီး နေအိမ်သို့ပြန်ရောက်လာစဉ် နေအိမ်၌ အိမ်စောင့်အ ဖြစ်ကျန်ခဲ့သူ အသက် (၁၂)နှစ်အရွယ် မ… ဆိုသူမှ ငိုယိုကာ သူမအား တစ်ရွာတည်းနေ ကိုနေ၀မ်း ဆိုသူက သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူအား ပြောပြတိုင်တန်းခဲ့သည်။

ထို့ကြောင့် မိခင်ဖြစ်သူက သမီးဖြစ်သူ၏ ပြောပြချက်များအရ ညောင်ဖြူပင်ရဲကင်းစခန်းသို့သွားရောက်တိုင် တန်းခဲ့ရာ ရဲကင်းစခန်းမှူး ရဲအုပ် မင်းဇော်ဦးမှ မုံရွာမြို့မရဲစခန်းသို့ တဆင့်တိုင်တန်းခဲ့သည်။ အဆိုပါ တိုင် တန်းချက်အား မြို့မရဲစခန်းက အမှုကြီးဖြစ်စဉ်အမှတ် ၂/ ၂၀၁၄၊ ရဲစခန်း(ပ) ၉၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုအား လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အညာဒေသရှိ မိရိုးဖလာ နတ်ကိုးကွယ်ယုံကြည်သူများသည် တပေါင်းလသို့ ရောက်သောအခါ မိဆိုင်ဖဆိုင် ရိုးရာနတ်များအား ပူဇော်ပသခြင်း၊ နတ်ကွန်းနတ်နန်းများအား သန့်ရှင်ရေးပြုလုပ်ခြင်းများကို လုပ်ကိုင်သည့် ဓလေ့ထုံးတမ်းများရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)



မိခင်ဖြစ်သူ နတ်ကွန်းသန့်ရှင်းရေး သွားလုပ်နေစဉ် အိမ်ကျန်ရစ်သည့် သမီးအား အဓမ္မပြုကျင့်ခံရ မိခင်ဖြစ်သူ နတ်ကွန်းသန့်ရှင်းရေး သွားလုပ်နေစဉ် အိမ်ကျန်ရစ်သည့် သမီးအား အဓမ္မပြုကျင့်ခံရ Reviewed by သစ်ထူးလွင် on 08:37 Rating: 5
Powered by Blogger.