စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး


စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ တောင်ငူတက္ကသိုလ် တတိယနှစ် ရူပဗေဒ ကျောင်းသူ(၂)ဦးရဲ့ ဆိုင်ကယ်နဲ့ ၆ဘီးတပ်ယာဉ် နောက်ပိုင်းနဲ့ ပွတ်တိုက်မိပြီး ကျောင်းသူတဦး သေဆုံးမှုတစ်ခု မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မဒေလီယာ(၂၁)နှစ် မောင်းနှင်းလာတဲ့ ဆိုင်ကယ်ကို မကြည်ပြာဖြိုးအောင် (၂၀)နှစ် စီးနင်းလိုက်ပါလာရာ ရန်ကုန်-မန္တလေး ကားလမ်း တောင်ငူ-သံတောင်ကားလမ်း လမ်းဆုံမီးပွိုင်အနီး NISSAN အမျိုးအစား (၆)ဘီးယာဉ်က ကျော်တတ်ခဲ့ရာ ယာဉ်နောက်ပိုင်းနဲ့ ဆိုင်ကယ်တို့ ပွတ်တိုက်မိပြီး ကျောင်းသူ၂ဦးလုံး ဒဏ်ရာရရှိခဲ့ကြပါတယ်။

သူတို့ကို တောင်ငူဆေးရုံ ပို့ဆောင်ကုသနေစဉ် မနက် ၁၀း၅၀နာရီမှာ မကြည်ပြာဖြိုးအောင် သေဆုံးသွားခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဦးဝင်းမြင့်ကို တောင်ငူမြို့မ ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၄ ပုဒ်မ-၃၀၄(က)/၃၃၇ တွေနဲ့ အမှုဖွင့် အရေးယူထား ပါတယ်။

DVB TV News

သတင်းဓာတ်ပုံ - ကိုသားကြီး(တောင်ငူ)


စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး Reviewed by သစ်ထူးလွင် on 17:20 Rating: 5
Powered by Blogger.