ရန်ကုန်၊ မတ် ၁၅
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ နေ့စဉ် ဖြစ်ပွားနေသော မှုခင်းသတင်းများ နှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ Yangon Police Facebook မှ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သတင်းထုတ်ပြန်ရေးအဖွဲ့၊ မှုခင်းဌာနမှလည်းကောင်း ထုတ်ပြန်ပေးလျက်ရှိပြီး သတင်းဂျာနယ်များမှ ထုတ်ပြန်နိုင်ရေး အတွက်နေ့စဉ် သတင်းမီဒီယာအဖွဲ့များ လာရောက် သတင်းရယူပါက ဆောင်ရွက်ပေးခြင်း၊ MRTV၊ MRTV 4 နှင့် Sky Net Police Channel သို့လည်း နေ့စဉ်ပေးပို့ လျက်ရှိပါသည်။
အချို့သတင်းဂျာနယ်များအနေဖြင့် တရားဝင်ပေးလျက်ရှိသော သတင်းထုတ်ပြန်ရေး မှုခင်းဌာနမှ ရယူခြင်းမရှိဘဲ အခြားနေရာများမှ ရယူပြီး သတင်းခိုင်မာမှုရှိစေရန် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်ဟု ထည့်သွင်းဖေါ်ပြလာသဖြင့် စိစစ်ခဲ့ခြင်းသာဖြစ် ပါသည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် သတင်းထိန်ချန်ထားခြင်း မရှိခဲ့ပါ။ အချို့အမှုမှ သတင်းကွင်းဆက်ဖေါ်ထုတ်ရန်ကျန်သည့်အမှုများ၊ နစ်နာသူ ကာယကံရှင်မိသားစုမှ သတင်းထုတ်ပြန်မပေးပါရန် မေတ္တာရပ်ခံတင်ပြ လာသည့် မှုခင်းဖြစ်စဉ်များနှင့် အချို့အမှုများမှမသင်္ကာတရားခံ(၃)ဦးရှိပြီး (၁)ဦးသာဖမ်းမိ၍ကျန်တရားခံ(၂)ဦးဖမ်းဆီးဆဲအချိန်တွင်ရဲတပ်ဖွဲ့လုပ်ငန်းများ ဆောင်ရွက်မပြီးမီ ချက်ချင်းသတင်းချပြမှု မရှိခြင်းသာဖြစ်ပြီး ရဲလုပ်ငန်းပြည့်စုံစွာ ဆောင်ရွက်ပြီးပါက သတင်းထုတ်ပြန်နိုင်ရန် မီဒီယာများသို့လည်း ချပြပေးလျက်ရှိကြောင်း၊ကျန်သည့်မှုခင်းသတင်းများအား ပွင့်လင်းမြင်သာစွာဖြင့် အချိန်နှင့် တစ်ပြေးညီ ချပြထားရှိခြင်း၊ Yangon Police Facebook တွင်လည်း မှုခင်းသတင်းများအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်နှင့် ထူးခြားဖြစ်စဉ် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ သတင်းထုတ်ပြန်ရေးဌာနမှ တင်ပေးလျက်ရှိပါကြောင်း မိဘပြည်သူများ သိရှိနိုင်ရန် အခြေအနေမှန်အား ရှင်းလင်းချပြ အသိပေး အပ်ပါသည်။
Yangon Police

ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်မှု အခြေအနေမှန်အား ရှင်းလင်းချပြခြင်း
Reviewed by သစ်ထူးလွင်
on
17:37
Rating: