12 Years a Slave အကောင်းဆုံးဇာတ်ကားဆု ရရှိ


မတ် ၂ ရက်နေ့ အမေရိကန်စံတော်ချိန် ညနေပိုင်းက ဒီနှစ် ၈၆ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ  ကျွန်တယောက်ရဲ့ ဖြစ်ရုပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့  ”12 Years a Slave”  ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုကို ရသွားပါတယ်။

ဒါဟာ အော်စကာဆုပေးပွဲ ၈၆ ကြိမ်သမိုင်းမှာ ပထမဆုံးအနေနဲ့ လူမည်းဒါရိုက်တာ ရိုက်ကူးတဲ့ ဇာတ်ကားက အကယ်ဒမီ ရတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်တွင်းစစ် မတိုင်မီခေတ်က လူဝီစီယားနားပြည်နယ်မှာ ကျွန်အဖြစ် ရောင်းစားခံရတဲ့ အမျိုးသားတယောက်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ မက္ကစီကိုဒါရိုက်တာ  အယ်လ်ဖွန်ဇို ကူအရွန်က ရရှိသွားပါတယ်။

အီတလီ ဒရမ်မာ “The Great Beauty”  ဇာတ်ကားက နိုင်ငံခြားဘာသာစကားနဲ့ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို  ”12 Years a Slave”  ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ လူပီတာ ညွန်ဂ်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို “Blue Jasmine” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ကိတ်ဘလန့်ချတ်၊ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကိုတော့ “Dallas Buyers Club” ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မက်သရူး မက်ကွန်နာဂွေးက အသီးသီး ဆွတ်ခူးသွားပါတယ်။

By ဒီဗွီဘီ



12 Years a Slave အကောင်းဆုံးဇာတ်ကားဆု ရရှိ 12 Years a Slave အကောင်းဆုံးဇာတ်ကားဆု ရရှိ Reviewed by သစ်ထူးလွင် on 16:32 Rating: 5
Powered by Blogger.