ပေါင်မြို့တွင် ၅၉ ( စ ) ကို ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်


မွန်ပြည်နယ် ပေါင်မြို့ တွင် ဖွဲ့ စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ ( စ ) ကို ဆန့် ကျင်သည့် ဆန္ဒပြပွဲ တစ်ခုကို ဖေဖော်ဝါရီ ၁၄ တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကိုပေါင် မြို့ နယ် အုပ်ချုပ်ရေးမှူး၇ုံးရှေ့ တွင် ပြုလုပ်ရန် လျှောက်ထားခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက ခွင့်မပြုသဖြင့် ပေါင်မြို့ အောက်လမ်းမ တစ်လျှောက်တွင်သာ ပြုလုပ်ခဲ့ရသည်။

ထိုပွဲတွင် ပုဒ်မ ၅၉ ( စ ) ပယ်ဖျက်ရေး ၊ သမ္မတ ၊ လွှတ်တော်ဥက္ကဌ ၊ ကာချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးဦးတွေ့ ဆုံဆွေးနွေးရန် အမြန်ဆုံးပြုလုပ်ရန်လည်း ထည့်သွင်းတောင်းဆိုတားသည်။

အစီအစဉ်ကို မနက် ၁၁ နာရီခန့် တွင် စတင်ခဲ့ပြီး လူအင်အား ၁၀ ဦးဖြင့်  ဆန္ဒပြခဲ့ကြောင်း ၊ ထိုသို့ လူအင်အားနည်းပါးရခြင်းမှာ မြို့ နယ်တာဝန်ရှိသူများက ဆယ်ဦးထက်ပိုပြီးခွင့်ပြုမိန့် မပေးသောကြောင့် ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဦးစိုးရသူက ပြောသည်။

BY THIT HTOO LWIN
ပေါင်မြို့တွင် ၅၉ ( စ ) ကို ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော် ပေါင်မြို့တွင် ၅၉ ( စ ) ကို ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော် Reviewed by သစ်ထူးလွင် on 13:45 Rating: 5
Powered by Blogger.