နိုင်ငံ သစ္စာဖောက်မှုနဲ့ မူရှာရက်ဖ်ကို ရုံးတင်


ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ပါဗက် မူရှာရက်ဖ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အစ္စလာမ်မာဘတ်က တရားရုံးမှာ ပထမဆုံး အကြိမ် ကြားနား စစ်ဆေးဖို့ ရုံးထုတ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ ရှေ့နေတွေက အရပ်ဘက် တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ် နေခဲ့တာကြောင့် တရားရုံး အနေနဲ့ မစ္စတာ မူရှာရက်ဖ်ကို စွဲချက် မတင်နိုင်ခဲ့ပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ကို စစ်ခုံရုံးမှာ ကြားနာသင့်တယ်လို့လည်း အဲဒီ ရှေ့နေတွေက ပြောကြပါတယ်။

အမှုကတော့ ၂၀ဝ၇ ခုနှစ်တုန်းက အခြေခံ ဥပဒေကို ဆိုင်းငံ့လိုက်ပြီး အရေးပေါ် ဥပဒေ ချမှတ် ပြဋ္ဌဌာန်းခဲ့တာကြောင့် ဖြစ်ပါတယ်။

မစ္စတာ မူရှာရက်ဖ်ကတော့ စွပ်စွဲချက်တွေ အပေါ် ငြင်းချက်ထုတ်လိုက်ပြီး ဒါဟာ နိုင်ငံရေး အရ ရည်ရွယ် ဆောင်ရွက်တာလို့ ပြောပါတယ်။

ပါကစ္စတန်မှာ စစ်တပ် ခေါင်းဆောင်းဟောင်း တဦးကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲတာဟာ ဒါ ပထမဆုံးဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းနဲ့ ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်

နိုင်ငံ သစ္စာဖောက်မှုနဲ့ မူရှာရက်ဖ်ကို ရုံးတင် နိုင်ငံ သစ္စာဖောက်မှုနဲ့ မူရှာရက်ဖ်ကို ရုံးတင် Reviewed by သစ်ထူးလွင် on 22:23 Rating: 5
Powered by Blogger.