အင်ဒိုနီးရှား မီးတောင်ပေါက် လူ သိန်းချီ ကယ်ထုတ်ရ


အင်ဒိုနီးရှားနိုင်ငံ ဂျဗားကျွန်းက ကလုဒ် မီးတောင် ပေါက်ကွဲခဲ့တဲ့နောက် လူးဦးရေ ထူထပ်တဲ့ ဂျာဗားကျွန်းကနေ သိန်းချီတဲ့ လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေး နေပါတယ်။

ကီလိုမီတာ ၅၀ဝ လောက် ဝေးတဲ့ ရွာတွေ မြို့တွေအထိ မီးတောင်က ထွက်တဲ့ ပြာတွေနဲ့ ဖုံးနေခဲ့ပြီး အဝေးကို မြင်နိုင်စွမ်း မရှိတာကြောင့် အဓိက လေဆိပ် ၃ ခုကို ပိတ်ထားလိုက်ရပါတယ်။

အိမ်တွေပေါ် မီးတောင်က ထွက်တဲ့ ချော်ရည် ချော်မှုန့်တွေ ပိတာကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့ပါတယ်။

၁၅၆၈ ခုနှစ်က ကလုဒ် မီးတောင် အကြီးအကျယ် ပေါက်ကွဲခဲ့တာကြောင့် ထောင်နဲ့ချီ သေဆုံးခဲ့ရဖူးပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



အင်ဒိုနီးရှား မီးတောင်ပေါက် လူ သိန်းချီ ကယ်ထုတ်ရ အင်ဒိုနီးရှား မီးတောင်ပေါက် လူ သိန်းချီ ကယ်ထုတ်ရ Reviewed by သစ်ထူးလွင် on 23:25 Rating: 5
Powered by Blogger.