ပြည်တွင်း အသေးစား အလတ်စားလုပ်ငန်းများ ကယ်သူကူသူမဲ့ ချည့်နဲ့သွားတော့မလား


ပြည်တွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရေ ရှည်ရပ်တည်နိုင်ရေး မည်သို့ ဆောင်ရွက်နိုင်မည်နည်း။ ထို မေးခွန်းသည်ဟောင်းနွမ်းလွန်း နေပြီဖြစ်သော်လည်း သက်ဝင် ဆဲ ဖြစ်သည်။

ယခင်က တစ်ချိန်မှ မရှိ ဖူး မကြုံခဲ့ဖူးသော်လည်း အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာ စီးပွားရေးကူးသန်း ရောင်းဝယ်မှုသည် ၂ဝ၁၅ ခုနှစ်၊ တိတိကျကျဆိုလျှင် လာ မည့် နှစ်တွင်စတင်မည် ဖြစ်သည်။

ပြည်တွင်း ပြိုင်ဆိုင်မှုမှသည် နိုင်ငံတကာပြိုင်ဆိုင်မှု အဆင့်။ သူတို့ ပြိုလဲသွားမည်လား။
ပြည်ပအခြေစိုက် မြန်မာအရေး စောင့်ကြည့်လေ့လာသူ များကတော့ အသေးစားနှင့် အလတ်စားလုပ်ငန်း အချို့ပြိုလဲ သွားမည်ဟု ခန့်မှန်းထားသည်။

အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းလုပ်ငန်းအများစုမှာ လုပ်သားအင်အား ထုတ်ကုန်နှင့် ရင်းနှီးမတည်ငွေအလွန် သေးငယ်သောကြောင့် ဖြစ်သည်ဟု ALTSEAN BURMA  ကွန်ရက်၏ ညှိနှိုင်းရေးမှူး မစ္စ Debbie  က သုံးသပ်သည်။

စက်မှုဝန်ကြီးဌာန၏ ထုန်ပြန်ချက်အရ ပြည်တွင်းစီးပွား ရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းသည်အသေးစားနှင့်အလတ် စားလုပ်ငန်းများဖြစ်ပြီး အများစုမှာ စက်မှုလုပ်ငန်း လုပ်ကိုင် သည်။

ဆပ်ပြာရည်အား လက်မှုလုပ်ငန်းအဖြစ် သုံးနှစ်နီးပါး လုပ်ကိုင်ခဲ့သည့် ဦးမြင့်ဝင်းက လုပ်ငန်းအတွင်း မြှုပ်နှံထားရ သည့် ငွေပမာဏများစွာ မတတ်နိုင်ခြင်းနှင့် လုပ်သား အင်အား မတတ်နိုင်ခြင်းတို့က ¤င်း၏ ကိုယ်ပိုင်လုပ်ငန်းငယ်အား စွန့် လွှတ်ခဲ့ရသည်အထိ ဖြစ်စေခဲ့သည်ဟု ဆိုသည်။
” ကိုယ့်ပြည်တွင်းမှာတောင် ကိုယ့်ဟာကိုယ်ရပ်တည်ဖို့ တောင် အနိုင်နိုင်ဖြစ်နေတာ နိုင်ငံတကာနဲ့ပြိုင်ဖို့ ဆိုတာ အဝေးကြီးပါဗျာ။”ဟု ၄င်းက ဆိုသည်။

အရှေ့တောင်အာရှ ကိစ္စများ အာရုံစိုက်ဆောင်ရွက်နေ သည့် Global South အဖွဲ့အစည်း၏ ညှိနှိုင်းရေးမှူး မစ္စ Dorothy Grace Guerrero  က အာရှနိုင်ငံတစ် ခုဖြစ်သည့် ဂျပန်အနေနှင့် ၄င်း၏ အသေးစားစီးပွားရေး လုပ်ငန်းများတွင် အရည်အသွေးကောင်းသည့် ထုတ်ကုန်များ ရရှိလာစေရန် အစိုးရကထောက်ပံ့ပေး ခဲ့ပြီး နောက် ပိုင်းမှသာ အခြားနိုင်ငံများ နှင့် ကူးသန်းရောင်းဝယ်မှုအားကောင်းစွာ လုပ်ဆောင်လာနိုင်ခဲ့ သည့် သာဓကရှိကြောင်း ထောက်ပြသည်။
”အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို ထုတ်ဖို့သူတို့ မှာ စွမ်းအားမရှိရင် တခြားနိုင်ငံကို ဘယ်လိုယှဉ်ပြိုင်မလဲ”ဟု ၄င်းက ပြောသည်။

လာမည့် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံဒေသတွင်းဆိုင်ရာ စီးပွားရေး အသိုက်အဝန်း  (AEC) ကို စတင် အသက်သွင်း မည်ဟုအာဆီယံ(၁ဝ) နိုင်ငံခေါင်းဆောင်များ၏ သဘောတူ ညီချက်အရ ကုန်စည်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီး မြှုပ်နှံမှုများနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာစီးဆင်း ကြမည် ဖြစ်သည်။
၎င်းအချိန်တွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများ ပိုမိုသက် သာသော နှုန်းထားဖြင့် နိုင်ငံတွင်းဝင်ရောက်လာမည်ဖြစ်၍ မြန်မာ၏ အသေးစားနှင့်အလတ်စား စီးပွားရေးများ ကြီးမား သောယှဉ်ပြိုင်မှုများနှင့် တွေ့ကြုံရမည်ဖြစ်သည်။

ထို့အပြင် ကုန်စည်စီးဆင်းမှုတွင် အကောက်အခွန်နှုန်း များ သုညရာခိုင်နှုန်းအထိ လျှော့ချရမည့် အာဆီယံဒေသတွင်း လွတ်လပ်သည့် ကုန်သွယ်ရေးဒေသ(Asean Free Trade Area-AFTA)  သဘောတူစာချုပ်ကို မြန်မာအနေနှင့်လည်းလက်မှတ်ရေးထိုးထားရာ အရေးကြီးကုန်စည်များမှ အပ ကျန်ကုန်သွယ်မှုများတွင် အကောက် ခွန်မဲ့စနစ်ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်မည်ဖြစ်သည်။

ALTSEAN BURMA  ကွန်ရက်၏ ညှိနှိုင်းရေးမှူး မစ္စ Debbie  ကမူ ”ကူးသန်းရောင်းဝယ်ရေးမှာ အကောက်ခွန် ကိုလုံးဝ လျှော့ချလိုက်တာနဲ့ သေချာတယ် အသေး စားလုပ်ငန်း တော်တော်များများ သေသွားမယ်”ဟု သတိပေးသည်။

ထို့ကြောင့် အသေးစားအလတ်စား ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဦးစီးဌာနအနေဖြင့် ပြည်တွင်းအသေးစားလုပ်ငန်းများအား နိုင်ငံတကာနှင့်ယှဉ် ပြိုင်နိုင်ရန်အတွက် ပေါ် လစီတစ်ရပ်ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပေါ်လစီ၏နည်းဗျူ ဟာတွင် အဓိကဆောင်ရွက်ရမည့်ကဏ္ဍအနေဖြင့် (၁)လူ့စွမ်း အားအရင်းအမြစ်၊ (၂) နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်မှု၊ (၃) ငွေသားအရင်းအမြစ်စသည်တို့ဖြစ်ပြီး အထောက်အပံ့ပြုကဏ္ဍ တွင်မူ (၁) အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၊ (၂) ဈေးကွက်အထောက်အကူပေးခြင်း၊ (၃) သင့် လျော်သော အခွန်ကောက်နှင့် လုပ်ထုံးလုပ်နည်းများ စသည် ဖြင့် ရေးဆွဲချမှတ်ထားသည်။

ချေးငွေများကိုမူ အသေးစားနှင့် အလတ်စားစက်မှု ဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေး ငွေထုတ်ချေးပေးလျက်ရှိသော်လည်း စက်မှုလုပ်ငန်းများ ကိုသာ အထောက်အပံ့ပေးနေပြီး ကျန်အမျိုးအစား လုပ်ငန်းငယ်များ ကိုမူ ချေးငွေပေးနိုင်ခြင်း မရှိသေးပေ။

အဆိုပါအခြေအနေကို ဖြေရှင်းနိုင်ရန်အတွက် အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေး ဗဟိုဦးစီး ဌာနအနေဖြင့် ဂျပန်၊ ဂျာမနီ၊ ကိုရီးယားနှင့် စင်ကာ ပူနိုင်ငံ တို့ထံမှ ချေးငွေရယူပေးနိုင်ရန် ဆောင်ရွက်နေသည်။
သို့သော် ပြည်တွင်းရှိ လုပ်ငန်းငယ်များအနေဖြင့် ငွေ ကြေးလိုအပ်ချက် အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။ နည်း ပညာကုမ္ပဏီတစ်ခုဖြစ်သည့်Technomation၏ စီအီးအို ကိုထူးမြင့်နောင်က နိုင်ငံတကာမှ ဝင်လာမည့်ကုမ္ပဏီများ အနေဖြင့် ဘဏ်မှ ချေးငွေရယူသည့်စနစ်မှာ ရင်းနှီးကျွမ်းဝင် မှုရှိပြီးသားဖြစ်၍ ပြည်တွင်းလုပ် ငန်းများ အနေနှင့်မူ စိမ်းနေဦး မည်ဖြစ်သည်ဟု  သုံးသပ်သည်။

ထို့ကြောင့် ပြိုင်ဆိုင်မှုများ၌ အင်အားမမျှသည့်အခြေ အနေများ ဖြစ်ပေါ်လာနိုင်ပြီး ပြိုလဲမှုများ ဖြစ်ပေါ်လာနိုင်သည် ဟုလည်း ဆိုသည်။

လွတ်လပ်စွာကုန်စည်စီးဆင်းခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် များကြောင့် လုပ်ငန်းအသေးစားများ ပြိုလဲသွားမှုက အနောက် နိုင်ငံကြီးများတွင်လည်း ဒုနှင့်ဒေးဖြစ်သည်။ သို့သော်လည်း အသစ်ပြန်လည်ဖန်တီးခြင်းဖြင့် အသေးစားလုပ်ငန်းစီးပွားရေး များကို ပြန်လည်ဦးမော့လာစေခဲ့သည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေး ဗဟိုဦးစီး ဌာနမှညွှန်ကြားရေးမှူးဒေါ်အေးအေးဝင်းက ”သူတို့ ရဲ့စွမ်းရည်ပေါ်မှာ မူတည်မှာပါ။ အဲဒီအတွက် ကြိုးစားတီထွင် မှုသာ မရှိဘူးဆိုရင်တော့ ပြိုလဲသွားမှာပါ”ဟု ပြောသည်။

၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ပြည်တွင်း၏ အသေးစားနှင့် အလတ်စား လုပ်ငန်း (၁ဝဝ) စာရင်းကိုစက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ နာမည်ကြီးကုမ္ပဏီများလည်း စာရင်း တွင် ပါဝင် ခဲ့သည်။

ထိုသို့ ကုမ္ပဏီအကြီးများ အသေးစားနှင့်အလတ်စား စာရင်းတွင် ပါဝင်နေရခြင်းမှာ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့်သာ ဖြစ်သည်ဟု ကုမ္ပဏီ အချို့မှ ပြောရေးဆိုခွင့်ရှိသူတို့က တုံ့ပြန်သည်။

အသေးစားနှင့်အလတ်စား လုပ်ငန်းများကို လုပ်ငန်း၏အလုပ်သမားဦးရေနှင့်ရင်းနှီးငွေပေါ် မူတည်၍ ခွဲခြားသတ် မှတ်ခြင်းဖြစ်ပြီး လုပ်ငန်းများအနေဖြင့် စက်မှုလက်မှု ကုန်ထုတ် လုပ်ငန်းများ၊ ဝန်ဆောင်မှုနှင့်ကုန်သွယ်မှု လုပ်ငန်း၊ လုပ်သား အင်အားဖြင့် အဓိကလုပ်ကိုင်ရသည့် လက်ခစားလုပ်ငန်း (Cutting-Making-Packing) (CMP) များဟူ၍ သုံးမျိုးခွဲ ထားသည်။

စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းတွင်လုပ်သားဦးရေ ၅ဝ ဦးနှင့် ရင်းနှီးငွေကျပ်သန်းငါးရာအောက်ဖြစ်ပါက အသေးစား လုပ်ငန်းဟုသတ်မှတ်ပြီး လုပ်သားဦး ရေ ၅၁ မှ ၃ဝဝ ဦးကြား ရင်းနှီးငွေကျပ်သန်းငါးရာမှကျပ် သန်းတစ်ထောင်ကြားဖြစ်ပါက အလတ်စားလုပ်ငန်းဟု သတ်မှတ်ကြောင်း အသစ်ရေးဆွဲထား သည့် ဥပဒေကြမ်းတွင်   ဖော်ပြပါရှိသည်။

နိုင်ငံအတွင်း လည်ပတ်လျက်ရှိ သည့် ပကတိအသေးစား၊ အလတ်စား လုပ်ငန်းများစာရင်းတိကျစွာ မရှိခြင်းသည်အဆို ပါ လုပ်ငန်းများအတွက် ထိခိုက် နစ်နာမှုလည်း   ဖြစ်စေသည်။
”တကယ်ဆို အဓိပ္ပာယ်ဖွင့်ဆို ချက်ကို ကိုယ့်နိုင်ငံနဲ့ကိုက် ညီအောင် အရင်ဆုံးလုပ်သင့်တယ်။ ပြီးရင် စစ်တမ်းကောက်တာကို တိတိ ကျကျဖြစ်အောင် လုပ်ရမယ်” ဟု ALTSEAN BURMA  မှ မစ္စ Debbie Stothard  က ထောက်ပြသည်။

ယင်းသို့မလုပ်နိုင်ပါက အဆိုပါ လုပ်ငန်းများအနေနှင့် အစိုးရနှင့် ပြည်ပ မှ ပေးအပ်မည့်ချေးငွေများ၊ ပူးပေါင်းလုပ်ဆောင်မှုများမည်သို့မျှရရှိ နိုင်မည် မဟုတ်ဟု ၄င်းက   ပြောသည်။

ပြည်တွင်း နာမည်ကြီး ရတနာ လုပ်ငန်းရှင်ကမူအသေးစားနှင့် အလတ် စားလုပ်ငန်းများ သတ်မှတ်ချက်တွင် လည် ပတ်နေသည့်လုပ်ငန်းများအပြင် စီးပွားရေးလုပ် ငန်းရှင်၏ ကျောထောက် နောက်ခံနှင့်အခြားစီးပွားရေး လုပ်ငန်း ခွဲများ ရှိ၊ မရှိကိုပါ တိုက်ဆိုင်ကြည့်ရှု စစ်ဆေးသင့်သည်ဟု အကြံပြုသည်။

သို့သော် သာကေတမြို့နယ် အတွင်းရှိ ပေါင်မုန့်ထုတ် သည့်အသေးစားလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကမူ   မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သည့်အပြင် များပြား သည့်လုပ်ငန်း မှတ်ပုံတင်အဆင့်များကြောင့် အစိုးရထံသို့ လုပ်ငန်းတရားဝင် မှတ်ပုံတင်မှု မပြုလုပ်ဟုဆိုသည်။ လုပ်ငန်းချဲ့ထွင်ရန် လိုအပ် သည့်ချေးငွေကိုနီးစပ် ရာ   ငွေကြေးချမ်းသာသူများထံမှ ကြီးမား သည့်အတိုးနှုန်းတစ်ခုဖြင့် ရယူသည်ဟု ၄င်းကဆက်ပြောသည်။
”မှတ်ပုံတင်တာတော့ဟုတ်ပါပြီ။အဲဒီအတွက် အကူအညီ ပြန်မရဘဲ အစိုးရကို အခွန်ချည်း ပေးနေရမယ်ဆိုရင်တော့ ဘယ်လိုလုပ်ဖြစ်မှာလဲ။ အစကတည်းက တစ်ပိုင် တစ်နိုင်လုပ်ကြ တာဆိုတော့ အမြတ်လည်းများများရတာမှ မဟုတ်တာ”ဟု အထက်ပါလုပ်ငန်းရှင် အမျိုးသမီးကပြောသည်။

ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းကတော့ လက်ရှိတွင် ဌာနအနေဖြင့် လုပ်ငန်းများ နိုင်ငံတော်သို့ အဆင့်များစွာဖြင့် မှတ်ပုံတင် လျှောက်ထားနေရမှုများအား ဖြည်း ညင်းစွာဖြေ လျှော့ပေးနေသည်ဟု ဆိုသည်။

အာဆီယံဒေသတွင်း အသေးစား၊ အလတ်စားလုပ်ငန်း များ အထောက်အကူ ပြုရေးအဖွဲ့အစည်း (မြန်မာ)မှ ကွမ်း ကျင် ပညာရှင်ဦးမင်းတေဇညွန့်တင် က နိုင်ငံတကာ အနေ နှင့် ချေးငွေပေးအပ်မှုများကို ကုမ္ပဏီ၏ အခွန် ထမ်းဆောင်ထားမှု နှင့် တွက်ချက်၍ ပေးအပ်ခြင်းကြောင့် ကုမ္ပဏီအနေဖြင့် လုပ် ငန်းလည် ပတ်မှုစာရင်းဇယား များအား ပွင့်လင်းစွာ ပြသ နိုင်ရန်လိုအပ်ကြောင်း ပြောသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များဘက်မှ မှတ်ပုံတင် ခြင်းကို မှန်ကန်စွာပြုလုပ်သင့်ပြီး လုပ်ငန်း၏ ဝင်ငွေနှင့် ဝန် ထမ်းအပေါ်မူတည်၍ တိကျသည့်ဝင်ငွေ ခွန်ဆောင် ရန်လည်း လိုအပ်သည်ဟု ၄င်းက အကြံပြုသည်။
အထက်ပါ ကိစ္စရပ်များအပြင် အသေးစား၊ အလတ်စား လုပ်ငန်းများအား တိကျသည့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် လိုအပ်နေသည်။ နည်းဥပဒေဖြင့် မှန်ကန်စွာ ထောက် ပံ့ပေး သင့်ပြီဟု ပညာရှင်တို့က ထောက်ပြသည်။
”ကာကွယ်ပေးလို့ မရတော့ဘူး။ ဥပဒေနဲ့အညီ နည်းမှန် လမ်းမှန်အားပေးတာမျိုးပဲ လုပ်လို့ရမယ်။”ဟု ဦးမင်းတေဇညွန့် တင်က ပြောသည်။

အစိုးရအနေဖြင့် အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းကို ယခင်နှစ်ဇူလိုင်လမှ စတင်ကာ ဝန်ကြီးဌာနများ၊ ပြည်ပပညာရှင်များ ပူးေ ပါင်းရေး ဆွဲခဲ့ပြီး ဥပဒေကြမ်းကို ယခုနှစ်အတွင်း အပြီးသတ်ပြဋ္ဌာန်း နိုင်ရန် လွှတ်တော်သို့ ပေးပို့ထားသည်။

အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးမှုသည် ကျေး လက်နှင့် အခြေခံလူထုအတွင်း အလုပ်လက်မဲ့ဖြစ်ပွားမှုအား များစွာလျှော့ချနိုင်ပြီး ဒေသတွင်း ဆင်းရဲမွဲတေမှု ကိုလည်း လျော့နည်းစေနိုင်သည်။

ထို့ကြောင့် အိမ်တွင်းမှုလုပ်ငန်းများနှင့် လယ်ယာလုပ် ငန်းများကိုပါ အသေးစားလုပ်ငန်းများအတွင်း ထည့်သွင်း သတ်မှတ်ရန် လိုအပ်နေပြီး ၄င်းတို့သည် နိုင်ငံအတွက် ဝင်ငွေ အခွန်ထောက်ပံ့ပေးနိုင်မည့်တိုင်းရင်းသားပိုင်လုပ်ငန်းများ ဖြစ် သည်။  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား အကာအကွယ်ပေးရာတွင် အစိုးရနှင့် လုပ်ငန်းရှင်များအကြား ပူး ပေါင်းလုပ်ဆောင်ရန်လိုအပ်ပြီး ကာကွယ်ထောက်ပံ့ပေး မှုများမှာ ၂ဝ၁၅ ခုနှစ်မတိုင်မီ အပြီးသတ်ဖြစ်ရန် လိုသည်။

”အဲဒီလိုမှ အားမပေးရင်တော့ အကုန်လုံး ပရုတ်လုံးလို အငွေ့ပျံပြီး ပျောက်သွားမှာပဲ။ နိုင်ငံခြားသားပိုင်SME တွေ ဖြစ်သွားလိမ့်မယ်”ဟု ဦးမင်းတေဇညွန့်တင်က သတိပေးသည်။

ALTSEAN BURMA ကွန်ရက်မှ ညှိနှိုင်းရေးမှူးမစ္စ Debbie Stothard က လွတ်လပ်သည့် ကုန်သွယ်မှုဒေသ ဖြစ်လာပါက မြန်မာနိုင်ငံရှိ အသေးစား လုပ်ငန်းများ အား  အင်အားကြီးကုမ္ပဏီများ၏ ဝါးမျိုခြင်းခံရနိုင်သည်ကို ထည့် သွင်းစဉ်းစားသင့်ပြီး ပြည်ပမှ ဝင်ရောက်လာမည့် လုပ်ငန်း တူများကြား ပူးပေါင်းလုပ်ဆောင်ခွင့်များ ရရှိလာနိုင်မည်ကို လည်း တွေးထားသင့်သည်ဟု ပြောသည်။

သုတလင်း

Popular Myanmar News Journal


ပြည်တွင်း အသေးစား အလတ်စားလုပ်ငန်းများ ကယ်သူကူသူမဲ့ ချည့်နဲ့သွားတော့မလား ပြည်တွင်း အသေးစား အလတ်စားလုပ်ငန်းများ ကယ်သူကူသူမဲ့ ချည့်နဲ့သွားတော့မလား Reviewed by သစ်ထူးလွင် on 15:55 Rating: 5
Powered by Blogger.