ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း တိုက်ခိုက်မှုကြောင့် လူ ၁ ဦးသေ ၄၁ ဦး ဒဏ်ရာရရှိ


ထိုင်းနိုင်ငံအရှေ့ပိုင်း ထရာ့ဒ်ခရိုင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က တိုက်ခိုက်မှု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁ ယောက် သေဆုံးပြီး လူ ၄၁ ယောက် ဒဏ်ရာရပါတယ်။

ထရာ့ဒ်ခရိုင် ခေါင့်စာမင်မြို့က ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို သေနတ်သမားတွေက ပစ်ခတ်ခဲ့ပြီး ဖောက်ခွဲရေးပစည်းတွေ ပစ်သွင်းခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဆန္ဒပြပွဲ ပြီးခါနီးလို့ လူတွေပြန်ချိန်မှာ ဖြစ်တာလို့ အစားအသောက်ရောင်းသူ မျက်မြင်သက်သေကပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်က စပြီး ဘန်ကောက်အစိတ်အပိုင်းတွေကို လှုပ်မရအောင်သိမ်းထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် ဖိဖိစီးစီး တုံ့ပြန်မယ်လို့ ၀န်ကြီးချုပ် ယင်လခ်ကို ထောက်ခံသူတွေက ကတိပြုထားပါတယ်။ ဒါကြောင့် နိုဝင်ဘာလတည်းက စတင်တဲ့ ဆန်ဒပြပွဲတွေ တိုက်ခိုက်ခံရအပြီး တင်းမာမှုတွေ ပိုမြင့်လာနေပါတယ်။ ရှပ်နီခေါင်းဆောင်တွေ ကလည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုပန်နဲ့ အပေးအယူ လုပ်မယ်လို့ ကတိပြုထားပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဘန်ကောက်ရဲ့ အဓိက လမ်းဆုံကြီးတွေကို ဇန်န၀ါရီ ၁၃ ရက်က စပြီး တဲတွေ တာယာတွေ သဲအိတ်တွေနဲ့ ပိတ်ဆို့ထားခဲ့တာပါ။

လက်ရှိဝန်ကြီးချုပ်ရဲ့အကို ၀န်ကြီးချုပ်ဟောင်း ဘီလျံနာသူဋ္ဌေးကြီးဟာ လက်ရှိ အစိုးရရဲ့ နောက်ကွယ်က တကယ့် သြဇာကို ချုပ်ကိုင်ထားတယ်လို့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ပြောပါတယ်။

အရင်အပတ်ကတော့ လယ်သမားရာပေါင်းများစွာကို စပါး အမတော်ကြေးပေးရမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က တရားစွဲခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ်ဟာ တရားစီရင်မှုကို ကြားနာရမှာပါ။

ဘန်ကောက်ဝန်းကျင်နဲ့ ထိုင်းတောင်ပိုင်းက ရေပေါ်ဆီနဲ့ အလတ်တန်းစား လူတန်းစားက ထိုင်းမြောက်ပိုင်းက ကျေးလက်နေပြည်သူတွေက ကျောထောက်နောက်ခံပေးထာတဲ့ လက်ရှိ ၀န်ကြီးချုပ် ယင်လခ်နဲ့သက်ဆင် ရှင်နာဝပ် မောင်နှမကို ဆန့်ကျင်တဲ့ ထိုင်းနိုင်ငံရေး အကျပ်အတည်းဟာ ၈ နှစ်ကျော် ကြာမြင့်နေပါပြီ။

By ဒီဗွီဘီ

ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အစိုးရဆန့်ကျင်ဆန္ဒပြတွေကို တားဆီးနေစဉ် (ဓာတ်ပုံ – ရိုက်တာ)

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း တိုက်ခိုက်မှုကြောင့် လူ ၁ ဦးသေ ၄၁ ဦး ဒဏ်ရာရရှိ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း တိုက်ခိုက်မှုကြောင့် လူ ၁ ဦးသေ ၄၁ ဦး ဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 19:22 Rating: 5
Powered by Blogger.