သုံးခွမြို့နယ်တွင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

၂၆.၂.၂၀၁၄ ရက်နေ့၁၇၀၀အချိန်ခန့်တွင် သုံးခွမြို့နယ်၊ (၇)ရပ်ကွက်၊ သုံးခွ-သန်လျင်လမ်း၊ သုံးခွမြို့အ၀င်လမ်းဘေးရှိ "ဆိပ်ကမ်းသာ" စက်သုံးဆီ အရောင်းဆိုင်တွင် ၆ခ/---- ဆီဘောက်ဆာယာဉ်မောင်း ချစ်ကိုသည် ဆီဘောက်ဆာမှ ဒီဇယ်ဆီများကို ၎င်းဆီဆိုင်ရှိ ဆီပေပါများထဲသို့ လိုက်လံဖြည့်ပေးနေစဉ် ဆီပိုက်သံခေါင်းနှင့်ပေပါအ၀တို့ပွတ်တိုက် မိပြီး မီးစတင်လောင်ကျွမ်းခဲ့သဖြင့် ဆီဘောက်ဆာယာဉ်အား မောင်းနှင်ကာ ထွက်ပြေးသွားခဲ့ပါသည်။

အခင်းဖြစ်မီးလောင်ရာသို့ မီးသတ်ယာဉ်များရောက်ရှိ ငြိမ်းသတ်ခဲ့သဖြင့် ၁၈၀၀ အချိန်တွင်မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဒီဇယ်ဆီဂါလန် (၂၅၀)ခန့်၊ ၁၅ပေပတ်လည် သွပ်မိုး သွပ်ကာ ကွန်ကရစ်မြေစိုက် အဆောက်အဦ(၁)လုံး၊ ဆိုင်ကယ်(၁)စီးနှင့် စက်ဘီး(၁)စီး စုစုပေါင်း တန်ဘိုးငွေကျပ် (၁၇)သိန်းခန့်ဆုံးရှုံးခဲ့ပါသည်။

ယင်းကဲ့သို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် ဆီဆိုင်ပိုင်ရှင် နေလင်းထိုက်(ဘ)ဦးမြသီး၊ သုံးခွမြို့နယ်နှင့် ဆီဘောက်ဆာယာဉ်မောင်း ချစ်ကို(ဘ)ဦးတင်မောင်ထွန်း၊သင်္ဃန်းကျွန်းမြို့နယ်နေသူ တို့(၂)ဦးအား သုံးခွမြို့မရဲစခန်း (ပ)၆၁/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူကာ ထွက်ပြေး ဆီဘောက်ဆာယာဉ်မောင်း ချစ်ကိုအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



သုံးခွမြို့နယ်တွင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် သုံးခွမြို့နယ်တွင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 08:17 Rating: 5
Powered by Blogger.