တာဝန်ထမ်း ဆောင် ချိန် ကိုယ် ထိ လက် ရောက် စော် ကား ခံ ရ သော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးတစ်ဦး၏ နောက်ဆက်တွဲ သတင်း


၉-၂-၂၀၁၄ ရက်နေ့နှင့် ၁၀-၂-၂၀၁၄ ရက်နေ့များတွင် ကန်ရိပ်သာ-သိမ်ဖြူမီးပွိုင့်တွင် တာဝန်ကျနေသော ရဲတပ်ကြပ်ကြီးသောင်းဒန်အား ယာဉ်အမှတ်၊ ၉ဃ/၇၇၇၄(Toyota Wish) အနက်ရောင် အမျိုးအစားယာဉ်မှ အမည်စုံစမ်းဆဲ လူအချို့မှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း သစ်ထူးလွင် အင်တာနက်သတင်းတွင် ဖော်ပြခဲ့ပါသည်။

ယင်းအင်တာနက်သတင်းနှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတို့မှ ချက်ချင်း ညွှန်ကြားစိစစ်ခဲ့ ရာ ယင်းဖြစ်စဉ် ကျူးလွန်ခံရသူ ရဲတပ်ကြပ်ကြီးသောင်းဒန်၏ ပြောကြားချက်အရ ၄င်း၏ အစ်ကိုဖြစ်သူမှ သတင်းရေးသား တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ကြပ်ကြီးသောင်းဒန်မှ အထက်အရာရှိများ ဖြစ်သော မင်္ဂလာတောင်ညွန့်တပ်ဖွဲ့စုမှူး၊ ဒုရဲမှူးသိန်းသိန်းထွန်းထံ သတင်းပို့ခဲ့ပြီး ၄င်းမှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး သာဌေးထံ ဆက်လက်သတင်းပို့ခဲ့ကြောင်း ဒုတပ်ဖွဲ့ခွဲမှူးမှ တပ်ဖွဲ့ခွဲမှူးနှင့် တပ်ဖွဲ့မှူးတို့ထံ ဆက် လက်သတင်းမပို့ဘဲ ၄င်းတို့အစီအစဉ်ဖြင့် ယာဉ်ပိုင်ရှင်အား ဖော်ထုတ်ခြင်း၊ စုံစမ်းစိစစ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

၁၅-၂-၂၀၁၄ ရက်နေ့တွင် အင်တာနက်သတင်း ဖတ်ရှုရလျှင်ရခြင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး၊ တပ်ဖွဲ့မှူးတို့မှ အရေးယူ ဆောင်ရွက်ထားရှိမှုအား စိစစ်ခဲ့ရာ ဖြစ်စဉ်အား ချက်ခြင်း သတင်းမပို့သည့် တာဝန်ရှိသူ တပ်ဖွဲ့စုမှူးဒုရဲမှူးသိန်းသိန်းထွန်းနှင့် ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးတို့အား ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူရန်စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

ထို့ပြင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီးသောင်းဒန်အား ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ၉ဃ/၇၇၇၄ ယာဉ်ပိုင်ရှင်နှင့် ပါဝင်ခဲ့သူ လူအချို့ အား စုံစမ်းဖော်ထုတ်လျှက်ရှိပြီး ၁၆-၂-၂၀၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်ရဲစခန်းတွင် (ပ)၁၁၄/၂၀၁၄ ပုဒ်မ-၃၃၂/၁၁၄ ဖြင့် အမှု ဖွင့်အရေးယူထားရှိပြီး ဖြစ်ကြောင်းနှင့် ဥပဒေနှင့် အညီအရေးယူသွားရန် ဆောင်ရွက်နေခြင်းအား ဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းကို ပြန်လည် တင်ပြလိုက်ရပါသည်။

ပေးပို့သူ...အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ ၅၁-လမ်း၊ ပုဇွန်တောင်မြို့နယ်။ ရန်ကုန်မြို့။


တာဝန်ထမ်း ဆောင် ချိန် ကိုယ် ထိ လက် ရောက် စော် ကား ခံ ရ သော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးတစ်ဦး၏ နောက်ဆက်တွဲ သတင်း တာဝန်ထမ်း ဆောင် ချိန် ကိုယ် ထိ လက် ရောက် စော် ကား ခံ ရ သော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးတစ်ဦး၏ နောက်ဆက်တွဲ သတင်း Reviewed by သစ်ထူးလွင် on 09:08 Rating: 5
Powered by Blogger.