(လေရှီးမြို့၊ နာဂတောင်တန်း)
ညဥ့်ဦးယံကောင်းကင်မှာ တိမ်ကင်းစင်လို့။
ကြယ်ပွင့်ကလေး ဟိုတစ်ပွင့် သည်တစ်ပွင့် လင်းလက်လာပါပြီ။ အရှေ့ဘက် တောင်တန်း အထပ်ထပ်ပေါ်မှာတော့ လဝန်းက ထွက်ပြုစပြု လာပြီ။
ကွင်းပြင်ကျယ်ကျယ်မှာ ထင်းတွေကို ညနေ ခင်းကတည်းက စုပုံထားတယ်။ သည်ကွင်းပြင် မှာ နာဂမီးပုံပွဲ ဆင်နွှဲကြမယ်။
လေရှီးမြို့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သထဲမှာ ပါဝင်တယ်။ ကျွန်တော်က နာဂ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် ဦးရော်ယွတ် ပူနဲ့ အတူ ထိုင်နေတယ်။ သူက သည်ဒေသမှာ ပါရာနာဂ၊ တန်ကွန်နာဂ၊ မကူရီနာဂ၊ လောင်ဖုရီ နာဂ၊ ကူကီးနာဂမျိုးနွယ်စုတွေနေကြတယ်။ လေ ရှီးမြို့နယ်မှာ ဦးရေအများဆုံးကတော့ ပါရာနာဂ တွေဖြစ်ကြတယ်လို့ သူကပြောပြတယ်။ နာဂမျိုး နွယ်စုအလိုက် ဘာသာစကားချင်းကွဲပြားပေမဲ့ နာဂအချင်းချင်း ဆက်သွယ်ပြောဆိုတဲ့ ဘုံနာဂ စကား (Naga Mix) ရှိတယ်လို့ ဆိုတယ်။
နာဂမီးပုံပွဲမှာ နာဂတိုင်းရင်းသားမျိုးနွယ်စု တွေက ကိုယ့်တိုင်းရင်းသားရိုးရာဓလေ့အတိုင်း ဝတ်ဆင်လာပြီး တေးသီချင်းတွေ သီဆိုကြ၊ ကခုန်ကြမှာပါ။
ကွင်းပြင်ထဲကို ပထမအသုတ်အနေနဲ့ ရောက်ရှိလာကြတာကတော့ မကူရီနာဂအဖွဲ့ပါ။ အဖွဲ့ကို ဦးဆောင်လာတဲ့ ဦးကျူစီထောင်းကို ကျွန်တော်က သူတို့မကူရီနာဂမျိုးနွယ်စုတွေ ဘယ်ဒေသမှာ နေကြတာများသလဲမေးတော့ လေရှီးမြို့နယ် မြောက်ဘက်ခြမ်း၊ ဟုမ္မလင်းမြို့ နယ်၊ ထမံသီဒေသတွေမှာနေကြတယ်လို့ဆို တယ်။
ကျွန်တော်က သူတို့ ယခုလိုစုပေါင်းကခုန် တာမျိုး ဘယ်လိုအချိန်အခါတွေမှာလုပ်လေ့ရှိ သလဲမေးတယ်။
ဦးကျူစီထောင်း။ ။ နိုဝင်ဘာ ၁၅ ရက် စပါးရိတ် သိမ်းပြီးတဲ့အချိန် ကောက်သစ်စားပွဲ၊ ဇန်နဝါရီ ၁၅ ရက် နာဂနှစ်သစ်ကူးပွဲမှာ ကတယ်။ မင်္ဂလာပွဲ ရှိရင် ကတယ်။ ခရစ္စမတ် ကတယ်။ ဧည့်သည် လာရင် ဧည့်ခံကပြကြတယ်။ ကောက်သစ်စားပွဲ ဆိုရင် ရွာထဲက တိရစ္ဆာန်မဟုတ်ဘဲ တောကောင် လိုက်ပြီး ဧည့်သည်တွေကို ဧည့်ခံကျွေးမွေး တယ်၊ ကျွန်တော်တို့က မွေးဖွားလာရင် မိဘက ယောကျာ်းဆို ဓားတစ်လက် လှံတစ်လက်၊ မိန်း ကလေးဆို ပုတီးလက်ကောက်တွေလုပ်ပေးပြီး ရိုးရာသီချင်းတွေ၊ အကတွေ သင်ပေးရပါတယ်။
(ကျွန်တော်တို့အနီးမှာရှိတဲ့ တန်ကွန်နာဂ အကအဖွဲ့ခေါင်းဆောင် မယဉ်နှောင်းစုက အ သက် ၁၇ နှစ်ရှိပါပြီ။ သူ့အကြောင်း ကျွန်တော် မေးတယ်။)
မယဉ်နှောင်းစု။ ။ ကျွန်မ ၁၄ နှစ်သမီးကတည်း က ရိုးရာအကကို ကခဲ့တယ်။ လူကြီးတွေ ကကြ တာကိုကြည့်ရင်း ကပြတတ်သွားတယ်။ ကရ တာ ပျော်တယ်။
(ကျွန်တော်တို့ စကားပြောနေခိုက် ပါရာနဂ အဖွဲ့ ကွင်းထဲလာပြီး ခုံတန်းလျားမှာ ထိုင်နေကြ ပြီ။ ကျွန်တော်က သူတို့နဲ့ သွားရောထိုင်တယ်။ အကခေါင်းဆောင်က ဦး ဦးရယ်ပဲ တဲ့။)
ဦး ဦးရယ်ပဲ။ ။ ကျွန်တော်တို့က ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး သူ့ရွာ ကိုယ့်ရွာလှည့်ကကြတာ ရှိ တယ်။
ကျော်ရင်မြင့်။ ။ နာဂမျိုးနွယ်စုတွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဘာသာစကားခြားနားတယ်။ ဝတ်စုံချင်း၊ တေးသီချင်းချင်း၊ ကပြပုံချင်း ကွာခြားသလား။
ဦး ဦးရယ်ပဲ။ ။ ကွာပါတယ်ဗျ။
(နာဂအကအဖွဲ့ဝင် ဒေါ်ရာဇော်ချမ်းက ငယ် သူငယ်ချင်းချစ်သူနှစ်ယောက်၊ တစ်ယောက်က မင်္ဂလာဆောင်စရိတ်အတွက် တစ်နယ်တစ်ကျေး ခရီးဝေးကို စီးပွားရှာထွက်ခွာသွားတယ်။ သူ့ကို လွမ်းဆွတ်လို့ဆိုတဲ့ သီချင်း ကျွန်မဆိုပြမယ်လို့ ပြောပြီး ဆွဲဆွဲငင်ငင်သီဆိုရတဲ့ တေးသီချင်းတစ် ပုဒ်ကို ဆိုပြပါတယ်။ သီချင်းရဲ့အဓိပ္ဗာယ်အပြည့် အဝ ကျွန်တော် နားမလည်ပေမဲ့ အနုပညာ မြောက်တာကို ကျွန်တော်ခံစားရတယ်။)
အချိန်ကျပြီမို့ ကွင်းလယ်မှာ စုပုံထားတဲ့မီးပုံ ကြီးကို မီးတင်လိုက်ပါပြီ။ မီးတောက်မီးလျှံတွေက ကောင်းကင်ကို အလျှံညီးညီးတက်နေပါပြီ။
လောင်ဖုရီနာဂအဖွဲ့က ကွင်းထဲကို ဝင်လာ ကာ မီးပုံကြီးကို ပတ်ချာရံပြီး တေးသီလို့ ကကြ ပြီ။
နာဂအညံ ¥ ¥ ¥ ပါဒိရူ ¥ ¥ ¥ျ လိနာဂ စွန်ပိန်း လာပေါင်း ¥ ¥ ¥ (နာဂလူမျိုးတွေအားလုံး ချစ်ချစ် ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေသွားကြမယ်)
အားပေးရလာ ¥ ¥ ¥ လီရရက်ဇက်တလာ ¥ ¥ ¥ (ယခုလို လာရောက်အားပေးတဲ့အတွက် အ များကြီး ကျေးဇူးတင်ပါတယ်။)
(နာဂမျိုးနွယ်စု ငါးခုလုံးက အကအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထင်းမီးပုံကြီးကို လှည့်ပတ်ကာ ကပြရင်း တေးသီနေကြပါတယ်။ ကျွန်တော်က နာဂဒေသဦးစီးအဖွဲ့ဝင် ဦးရော်ယွတ်ပူအနီးမှာ ပြန်ထိုင်ပြီး သူတို့သီဆိုနေတဲ့ တေးသီချင်းတွေရဲ့ အဓိပ္ဗာယ်ကို မြန်မာလို ပြန်ပေးဖို့ ပြောပါတယ်။)
ဦးရော်ယွတ်ပူ။ ။ အခုအခါမှာတော့ နာဂဒေသ က ဖွံ့ဖြိုးလို့ တိုးတက်လာပါပြီ။ နာဂတောင်တန်း မှာ ချယ်ရီပန်း၊ တောင်ဇလပ်ပန်းတွေ ပွင့်လန်း လို့ လှပသလိုပဲ လူငယ်များဟာလည်း ဖွံ့ဖြိုးလို့ တိုး တက်လာပါပြီလို့ အဓိပ္ဗာယ်ရပါတယ်။
(လူငယ်အများစုပါတဲ့ နာဂမောင်မယ်တွေ က လက်ချင်းတွဲလို့ ရှေ့ခုန်လိုက် နောက်ခုန် လိုက်နဲ့ မြူးမြူးကြွကြွ ကနေကြပါတယ်။)
ဦးရော်ယွတ်ပူ။ ။ နာဂမောင်မယ် ည်ီအစ်ကို မောင်နှမများ အိပ်ပျော်လို့ မနေကြပါနဲ့။ ထကြပါ စို့။
(ကပြနေသူ နာဂမောင်မယ်တွေက မြူးကြွစွာ ကခုန်ရင်း လက်ခုပ်ကို စည်းချက်ညီညီ တီး ကြတယ်။ နာဂဦးစီးအဖွဲ့ဝင်ကတော့ တေး သီချင်းကို တစ်ပုဒ်ချင်း ရှင်းလင်းပြပေးတယ်။)
ဦးရော်ယွတ်ပူ။ ။ မြင့်မားတဲ့ စာရာမေတိ တောင်ခြေမှာ နေထိုင်ကြတဲ့ နာဂလူမျိုးတွေရဲ့ ကကွက်တွေက ယခုလိုဖြစ်ပါတယ်။ လှပ ပါ တယ်လို့ အဓိပ္ဗာယ်ရှိပါတယ်။
(နာဂ အကအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အလှည့်ကျကပြကြတယ်။ သူတို့အကက အခုန် အပေါက်တွေလည်းပါတာမို့ ရင်ခုန်လှုပ်ရှားစေ တယ်။ တေးသီချင်းတွေကလည်း မြူးကြွလှပါ တယ်။ ဝတ်စားဆင်ယင်မှုကလည်း အနီ၊ အ နက်၊ အစိမ်း၊ အဖြူလို အရောင်မျိုးတွေနဲ့ လှပတဲ့ ဒီဇိုင်းဖော်ထားတဲ့ အင်္ကျီ၊ ထဘီ၊ ခြုံလွှာတွေ ဆင်မြန်းထားကြတယ်။ လူမျိုးစု တစ်ခုနဲ့တစ်ခု မတူဘူး။ လည်ဆွဲတွေချင်းလည်း ခြားနားတယ်။ ဆောင်းညဥ့်က နက်လာပြီ။ လဝန်းကြီးကလည်း ကောင်းကင်ထက်မှာ မြင့်တက်လာပြီ။ အေးမြတဲ့ လေကလည်း လူတွေကို တိုးဝှေ့လို့။ ကျွန်တော် လည်း အချမ်းဒဏ်ခံနိုင်အောင် နာဂရိုးရာစောင် တစ်ထည်ကို လွှမ်းခြုံရင်း ယဉ်ကျေးမှုအကတွေ ကို ငေးကြည့် နေတယ်။ နာဂအဖွဲ့တွေက တစ်ဖွဲ့ ပြီးတစ်ဖွဲ့ အလှည့်ကျ သီဆိုကပြနေပါတယ်။ ဦးရော်ယွတ်ပူကတော့ တေးစာသားကို ပြန်ပြော ပြနေဆဲ)။
ဦးရော်ယွတ်ပူ။ ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်မှာ နာဂတွေရဲ့ ဝတ်စားဆင်ယင်မှုတွေလည်း ပြောင်း လဲလာတယ်လို့ အဓိပ္ဗာယ်ရပါတယ်။
ကျော်ရင်မြင့်။ ။ အကတွေ၊ တေးသီချင်းတွေလည်း ပွဲအလိုက်၊ လူမျိုးစုအလိုက် ကွာခြား သလား။
ဦးရော်ယွတ်ပူ။ ။ ကွာခြားပါတယ်။ နာဂတွေဟာ တောင်ယာခုတ်ပြီးတဲ့နောက် နှစ်သစ်ရဲ့ လုပ်ငန်း ခွင် စဝင်တဲ့ အချိန်အခါမှာ ပွဲတော်ကျင်းပတယ်။
ကျော်ရင်မြင့်။ ။ ဘယ်အချိန်လောက်လဲ။
ဦးရော်ယွတ်ပူ။ ။ အများအားဖြင့် မတ်လမှာ။ ပြီးရင် တောင်ယာမီးရှို့ပြီး လုပ်ငန်းခွင်ဝင်ကြဖို့ နှိုးဆော်တဲ့အနေနဲ့ ကပွဲကျင်းပပါတယ်။ စိုက်ပျိုး သီးနှံ ရိတ်သိမ်းပြီးချိန်မှာ တောင်သူလယ်သမား တွေ အောင်ပွဲခံတဲ့အနေနဲ့ ပွဲတော်ကျင်းပပါ တယ်။ လူသေရင်လည်း ပွဲလုပ်တယ်။ လွမ်းမော တသတဲ့အနေနဲ့ အလွမ်းအဆွေး သီချင်းတွေနဲ့ ကကြတယ်။ ပျော်ပွဲရွှင်ပွဲတော့ မဟုတ်ဘူးပေါ့။
ကျော်ရင်မြင့်။ ။ ပွဲတွေက နေ့အချိန်ကျင်းပ သလား၊ ညအချိန်ကျင်းပသလား။
ဦးရော်ယွတ်ပူ။ ။ ညအချိန်များပါတယ်။ သက်ကြီးပွဲခေါ်တဲ့ မြန်မာလို အလှူပွဲကြီးလို့ ခေါ်နိုင်တဲ့ကပွဲကို မိုးအလင်းကျင်းပကြတယ်။ မိုးအလင်းပေါက် ကရပါတယ်။ အဲသည်ပွဲကို ကျင်းပရာမှာ အခြားရွာက အကတွေပါ ဖိတ် ခေါ်ပြီး ကပြကြတာကို ဂုဏ်တစ်ခုလို လုပ်ကြပါ တယ်။
ကျော်ရင်မြင့်။ ။ အကျွေးအမွေးက ဘာတွေလဲ။ ခေါင်ရည်ကော ပါသလား။
ဦးရော်ယွတ်ပူ။ ။ ဘာပွဲတော်ကျင်းပကျင်းပ ခေါင်ရည်ဆိုတာကတော့ ပါပြီးသားပါ။ အစား အသောက်ကတော့ နွားနောက်သား။ မီးပုံကြီးကို လှည့်ပတ်ကပြီးရင် ထိုင်တယ်။ ခေါင်ရည် သောက်ကြတယ်။ အစားလေး စားတယ်။ ထိုင် ရင်း တေးသီချင်းဆိုတယ်။ ပြီးရင် ထပြီး ကကြ တယ်။ သီချင်း တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုရင်း မိုးလင်း အောင် ကကြတာ။ နားလိုက် ဆိုလိုက် ကလိုက် ပေါ့။
(အဖွဲ့သစ်တစ်ဖွဲ့ ဝင်ရောက်လာပြီး သီဆို ကာ ကပြကြတယ်။ ဦးရော်ယွတ်ပူကလည်း သီ ချင်းကို အဓိပ္ဗာယ်ရှင်းပြတယ်။)
ဦးရော်ယွတ်ပူ။ ။ ကပြဖျော်ဖြေနေတဲ့ သီချင်းရဲ့ အဓိပ္ဗာယ်ကတော့ ကမıာပေါ်မှာ ရှိသမျှပန်းတွေဟာ ပွင့်မြဲအတိုင်း လှပစွာဖူးပွင့်နေကြ ပါတယ်။ ပန်းတကာ့ပန်းထဲမှာ လေရှီးမြို့က ပန်းအလှ လေးတွေဟာ အလှပဆုံးမို့ လက်ခုပ်တီးလို့ ကြို ဆိုကြပါစို့တဲ့။
(ပရိသတ်ရဲ့ လက်ခုပ်သံတွေ ထွက်ပေါ် လာပါတယ်။)
Author: ကျော်ရင်မြင့်
ကုမုဒြာဂျာနယ်
နာဂ မီးပုံပွဲ
Reviewed by သစ်ထူးလွင်
on
08:04
Rating: