အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ


အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသဖြင့် တိုင်တန်းမှုများ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေးမှု ရှိနေရာတွင် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံရမှု သုံးမှုနှင့် သီလရှင်တစ်ပါး အဓမ္မပြုကျင့်ခံရမှုတို့ဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုအဖြစ် တိုင်တန်းမှုများတွင် ဒဂုံတောင်မြို့နယ် ၁၀၆ ရပ်ကွက်၌ ဖေဖော် ၀ါရီ ၂၀ ရက်က (၁၂) အရွယ် ဒုတိယတန်းကျောင်းသူကို အသက် (၃၁) နှစ်ရှိ အိမ်နီးချင်း ယာဉ်နောက် လိုက်တစ်ဦးက သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု တိုင်းတန်းမှု၊ လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက်က အိမ်သို့အလည်လာသည့် (၇) နှစ်အရွယ် မိန်းကလေးကို အသက် (၄၀) နှစ်အရွယ် ခဲအိုက သားမယားပြုကျင့်ရန် ကြံစည်သဖြင့် တိုင်တန်းထားသည့်အမှုနှင့် အင်းစိန်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် က အသက် (၆) နှစ်ရှိ ကလေးငယ်ကို အသက် ၃၇ နှစ်ရှိ ပန်းရံလုပ်သားတစ်ဦးက နှစ်ကြိမ်တိုင်တိုင် သား မယားပြုကျင့်ခဲ့သည်ဟု တိုင်တန်းမှုများပါဝင်သည်။

ယင်းတိုင်တန်းမှုများအတွက် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများနှင့် တောင်ဒဂုံရဲစခန်းတို့က တိုင်တန်းခံထားရ သူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ထို့အပြင် မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၅ နာရီ အချိန်က အသက် (၂၃)နှစ်ရှိ သီလရှင်ကို ကျောင်းတိုက်တစ်ခုတည်းတွင်နေသည့် သီလရှင်တစ်ပါး၏ သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ယင်းအမှုကို ကာယကံရှင် သီလရှင်ကိုယ်တိုင် အမှုဖွင့်တိုင်တန်းထားရာ မြို့နယ်ရဲစခန်းက တိုင်တန်းခံ ထားရသူကို လိုက်လံဖမ်းဆီးလျက်ရှိသည်။

ရန်ကုန်တိုင်းတွင် ၂၀၁၃ ခုနှစ်အတွင်းတွင် အဓမ္မပြုကျင့်ခံရမှုပေါင်း ၁၅၂ မှုထိ ဖြစ်ပွားခဲ့ပြီး အသက်မပြည့် သေးသည့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုမှာ ၇၉ မှုထိ ပါဝင်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားထားသည်။

ကလေးငယ်များ အဓမ္မပြုကျင့်မှုများ ဟန့်တားနိုင်ရန်ရေးနှင့် လျော့ကျစေရေးအတွက် ပြင်းထန်သည့် ပြစ် ဒဏ်များ ထည့်သွင်းသတ်မှတ်ပြဋ္ဌာန်းရန် လွှတ်တော်အတွင်း နှစ်ကြိမ်တိုင်အဆိုတင် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများတွင်လည်း နိုင်ငံတကာ စံနှုန်းဖြစ်သော အမျိုးသမီးများ အကြမ်းဖက်ခံရပါက လုံးဝသီးခံစရာမလိုဟု ဆိုသည့် (Zero Tolerance) ပေါ်လစီနှင့် ကိုက်ညီမှုမရှိသဖြင့် ပြင်ဆင်ရေးဆွဲရန် လိုအပ်နေသည်ဟု ထောက်ပြမှုများ ရှိနေသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese



အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ Reviewed by သစ်ထူးလွင် on 12:37 Rating: 5
Powered by Blogger.