စမ်းချောင်းမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော DD---Pro box succeed အမျိုးအစားအဖြူရောင် အငှားယာဉ်သည် မဟာမြိုင်မှတ်တိုင်အနီး မကြီးကြီးလမ်းထိပ်အရောက်တွင်၎င်း၏ရှေ့မှ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်သွားနေသည့် BB----ToyotaCorolla အဖြူရောင်အငှားယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ရာ BB----ယာဉ်မှာ အတိုက်ခံရသည့်အရှိန်ဖြင့် မှတ်တိုင်တွင်ထိုင်နေသည့် အမျိုးသား(၂)ဦး(စုံစမ်းဆဲ)တို့အား ၀င်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသား(၂)ဦးနှင့် ၎င်း BB---ယာဉ်မောင်းတို့(၃)ဦးမှာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ကြပါသည်။

ယင်းသို့ယာဉ်တိုက်မှုဖြစ်ပွားပြီး DD---ယာဉ်မောင်းမှာအခင်းဖြစ်နေရာ၌ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် (၃)ဦးသေဆုံးခဲ့သည့်အပြင် DD---- ယာဉ် ပေါ်ပါ ဒဂုံမြောက်မြို့နယ်နေသူများ ဖြစ်ကြသော ကိုထက်သူဝင်းတွင် ၀ဲခြေသလုံး ဖူးရောင်ဒဏ်ရာ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မောင်ကျော်မျိုးနိုင်မှာ ခေါင်းမူးနေသဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကုသမှုခံယူနေရာမှ ၎င်း၏ သဘောအလျောက် ဆေးရုံမှဆင်းသွားခဲ့ပါသည်။

ထိုသို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားသူ DD---- ယာဉ်မောင်းအား စမ်းချောင်းမြို့မ ရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/ ၃၃၈/၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



စမ်းချောင်းမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ စမ်းချောင်းမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:35 Rating: 5
Powered by Blogger.