Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ


မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ နေအိမ်တစ်ခု၌ Grand Royal အရက်အတု ပြုလုပ်နေသူကို အတုပြုလုပ်သည့် ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၁၀ ရက်နေ့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့သည် သတင်းအရ ယင်းနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် သီရိမန္တလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း (ကျွဲဆည်ကန်ကားဝင်း) ရှိ ပြည်ခိုင်ဖြိုးကား ဂိတ်ရှေ့တွင် စောင့်ဆိုင်းနေစဉ် အမျိုးသမီး တစ်ဦးသည် ဆိုင်ကယ်ဖြင့် Grand Royal အရက်ဂျပ်ဖာတစ်ဖာ တင်ဆောင်ကာ ယင်းကားဂိတ်သို့ ရောက်ရှိလာကြောင်း၊ အဆိုပါ အမျိုးသမီးကို မသင်္ကာသဖြင့် ပူးပေါင်း စစ်ဆေးရာ ဂျပ်ဖာအတွင်း Grand Royal Whisky 700 ml အရက်အတု ၁၂ ပုလင်းကို တွေ့ရှိရကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ Reviewed by သစ်ထူးလွင် on 19:44 Rating: 5
Powered by Blogger.