၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် ( ၁ /၂၀၁၄ ) ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် (၁၃၇၅ ခု၊ ပြာသိုလပြည့်ကျော် ၁၂ ရက်) နေ့ ရက်စွဲဖြင့် ထုန်ပြန်ပြီး
“ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှု နှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခြင်း ကိစ္စရပ်ကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါထုန်ပြန်ချက် တွင် အောက်တွင်ပြထားသည့် အချက်ကို ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
၂။ သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ပြဋ္ဌာန်းချက်မူရင်းမှာ
၈၀။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ ကိစ္စရပ်များကို ဆောင်ရွက်သည် -
(က) နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊
( ခ ) နိုင်ငံတော်သမ္မတကပေးပို့သော သဝဏ်လွှာနှင့် နာယကက ခွင့်ပြုသောအခြားသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊
ဟု ဖော်ပြပါရှိပါသည်။
၃။ အဆိုပါ ကိစ္စကို အခြေခံစဉ်းစားပါက ဆွေးနွေးခြင်းနှင့်အတည်ပြုခြင်းစကားရပ်ကို ဖြည့်စွက်၍မရာပါက ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သော နိုင်ငံ့ဝန်ထမ်းဥပဒေ(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၅) ပါ
၆။ နိုင်ငံတော်သမ္မတသည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
သည်လည်း မူလပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်
၂၀၈။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကိုခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။
ကို ကျော်လွန်ရာ ရောက်ရှိနေပါသည်။
ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ( နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၁၀) တွင်လည်း
၃၆။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သီးခြားပြဋ္ဌာန်းထားသည့် ဥပဒေများအရ-
(က) ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်နိုင်သည်။
(ခ) ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ထုတ်ပယ်ခြင်းပြုနိုင်သည်။
ဟုသာပြဋ္ဌာန်းထားခြင်းဖြစ်သဖြင့် ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် ကို ကျော်လွန်ရာရောက်ရှိနေမည်ဖြစ်ပါသည်။
၎။ အဆိုပါ ပြဋ္ဌာန်းချက်ကို အခြေခံ၍ပင် နိုင်ငံတော်သမ္မတသည်
(က) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၃ ဦးကိုလည်းကောင်း၊
(ခ) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၆ ဦးကိုလည်းကောင်း၊
(ဂ) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၂ ဦးကိုလည်းကောင်း၊
(ဃ) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၁ ဦးကိုလည်းကောင်း၊
(င) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၃ ဦးကိုလည်းကောင်း၊
အငြိမ်းစားပေးခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
၅။ သို့ဖြစ်ရာ အဆိုပါ နိုင်ငံတော်သမ္မတ၏ ဆောင်ရွက်ချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၈ နှင့် ညီညွတ်ခြင်း ရှိမရှိ စိစစ်ရန်လိုအပ်မည်ဖြစ်ပါသည်။
စံပယ်မ
by Thit Htoo Lwin

ဥပဒေရေးရာ အိတ်ဖွင့် ပေးစာ
Reviewed by သစ်ထူးလွင်
on
19:58
Rating: