ဗုဒ္ဓ မြတ်စွာ ဘုရား လက်ထက်က အသုံး ပြုခဲ့ တယ်လို့ ယူဆတဲ့ ကျောက်သပိတ် တော်ကြီးကို စစ်ဆေးဖို့ အိန္ဒိယ ရှေးဟောင်း သုတေသန အဖွဲ့ အေအက်စ် အိုင်က ပညာရှင်နှစ်ယောက်ကို အာဖဂန်နစ္စတန် နိုင်ငံ ကာဘူးလ်မြို့ကို စေလွှတ်လိုက်ပါပြီ။ အခုစေလွှတ်လိုက်တာဟာ ဒီကျောက်သပိတ် တော် ကြီးကို ပြန်တောင်းဖို့ အစီအစဉ်ရဲ့ ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။ အမျိုးသား ပြည်သူ့ပါတီ RJD ရဲ့ လွှတ်တော်အမတ် ပရာဆတ် ဆင်းက ပြီးခဲ့တဲ့ သြဂုတ်လကတည်းက အဲဒီကျောက်သပိတ်ကြီးကို အိန္ဒိယကို လွှဲပြောင်းပေးအပ်ဖို့ တောင်းခံခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းကတော့ မစ္စတာ ဆင်းဟာ အိန္ဒိယ ရှေးဟောင်းသုတေသန အဖွဲ့ အေအက်စ်အိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို ပညာရှင်တွေ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဘုရား သပိတ်တော် တွေ့ပြီလော
Reviewed by သစ်ထူးလွင်
on
08:34
Rating:
![ဘုရား သပိတ်တော် တွေ့ပြီလော](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM2CzWHWAfgQSeFZxL-cPZv-JBtivRG2G18fsLx31ME1qqfrdq18EnKluLmpd2aOTy-nG3GoXjGgO4j2HhOwK3emNQRf0bHDUgQZVnYZVkxjnATCkMkcBIs4hUfUtQgafNXT1_ykM-PzQ/s72-c/5.jpg)