လယ်ယာချေးငွေပြန်ဆပ်ရန် ရွှေဘိုတွင် လယ်သမားများ အခက်အခဲဖြစ်နေ


ယခုနှစ်မိုးစပါးစိုက်ပျိုး ရာသီတွင် ရာသီမမှန်ခြင်းနှင့် စိုက်ပျိုး နည်းမမှန်မှုများကြောင့် ရွှေဘိုဒေသအနီး စပါးခင်းများ အဆစ်ပိုး ကျရောက်ခဲ့ခြင်းကြောင့် စပါတစ်ဧကအထွက်နှုန်း ထက် ဝက်နီးပါးကျဆင်း သွား ရာ လယ် ယာစိုက်ပျိုးရေးမှ ထုတ်ချေးထား သော စိုက်စရိတ်ချေးငွေ များပြန် ဆပ်ရန် အခက်ခဲဖြစ်ပေါ်နေ ခြင်းဖြစ်သည်ဟု လယ်သများက ဆိုသည်။ ရွှေဘိုလယ်သမား ဦးမျိုးတင် က ''လယ်ယာစိုက်ပျိုးရေးဘဏ် က တစ်ဧက ကို တစ်သိန်းနှုန်းနဲ့ ချေးထားကြတာ။ အခုစိုက်ဧက တွေ အားလုံးနီးပါး ပိုးကျနေတာ တစ်ဧက တင်း ၅ဝဆိုတာ အထွက် ဆုံးလယ်ပဲ။ ကျန်တာတွေ က တင်း ၂၅၊ ၃ဝတွေကများတော့ လယ်သမားတွေ အများကြီးရှုံး တယ်။ အခုမိုးစပါးအတွက် ချေး ငွေမဆပ်ခင် နွေစပါးချေးငွေရ တော့ အဲဒီရတဲ့အထဲ ကနေ ပြန်ဆပ် ကြတာတွေရှိတယ်''ဟုဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လယ်ယာချေးငွေပြန်ဆပ်ရန် ရွှေဘိုတွင် လယ်သမားများ အခက်အခဲဖြစ်နေ လယ်ယာချေးငွေပြန်ဆပ်ရန် ရွှေဘိုတွင် လယ်သမားများ အခက်အခဲဖြစ်နေ Reviewed by သစ်ထူးလွင် on 16:09 Rating: 5
Powered by Blogger.