မန္တလေး သဇင်ဘီစကစ်စက်ရုံလုပ်သားများနှင့် အလုပ်ရှင်တို့ သဘောတူချုပ်ဆိုထားသည့် အလုပ်ရှင်၊အလုပ်သမား သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို အလုပ်ရှင်ဖက်က ချိုးဖောက်သည်ဟုဆိုကာ အလုပ်သမားတစ်ရာနီးပါးက ဇန်န၀ါရီလ၂ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ယောမင်းကြီးလမ်းပေါ်ရှိ သဇင်ဘီစကစ်စက်ရုံမှ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ အောင်ကျော်နိုင်က "ကျွန်တော်တို့က တနင်္ဂနွေကိုအလုပ်နားရက်အဖြစ် လိုချင်တယ်၊ သူတို့ကဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ချင်တယ်၊ တနင်္ဂနွေနေ့ အလုပ်မဆင်းတဲ့ဝန်ထမ်းတွေကို သူတို့က အလုပ်ထုတ်လိုက်လို့ ခုလိုဆန္ဒပြ တာပါ" ဟုက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓာတ်ပုံအညွှန်း>>>>မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ယောမင်းကြီးလမ်းပေါ်ရှိ သဇင်ဘီစကစ် စက်ရုံမှ အလုပ်သမားများ ဇန်နဝါရီ ၂ရက်နေ့က ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး) |
တနင်္ဂနွေ အလုပ်မဆင်းသည့် အလုပ်သမားများ အလုပ်ထုတ်သည့်အတွက် သဇင်ဘီစကွက်စက်ရုံလုပ်သားတစ်ရာကျော် ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
23:51
Rating: