ရာထူးမှ အနားမယူရန် ဝန်ကြီးချုပ်ယင်းလပ်ကို သက်ဆင် တိုက်တွန်းခဲ့


ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် အတိုက်အခံများ တောင်းဆိုလျက်ရှိသော အာဏာ လက်လွှတ်ရန် စဉ်းစားခဲ့သော်လည်း အစ်ကိုဖြစ်သူ သက်ဆင်၏ တိုက်တွန်းမှုကြောင့် အာဏာ လက်မလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင် ယင်းလပ်ကို ဆန့်ကျင်သူများ၏ ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှု ပြုလုပ်ခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မတိုင်မီ တစ်ရက်အလိုတွင် အိမ်စောင့် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်သော ယင်းလပ်နှင့် ထိုင်းစစ်တပ် အကြီးအကဲ ပရာယုချန်အိုချာတို့ တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောရာတွင် ယင်းလပ်အနေနှင့် နိုင်ငံရေး တင်းမာမှုအပေါ် စိတ်ပျက် ငြီးငွေ့နေပြီဖြစ်ပြီး ထိုင်းစစ်တပ် အကြီးအကဲ ပရာယုထံမှ အကြံဉာဏ် တောင်းခံခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရာထူးမှ အနားမယူရန် ဝန်ကြီးချုပ်ယင်းလပ်ကို သက်ဆင် တိုက်တွန်းခဲ့ ရာထူးမှ အနားမယူရန် ဝန်ကြီးချုပ်ယင်းလပ်ကို သက်ဆင် တိုက်တွန်းခဲ့ Reviewed by သစ်ထူးလွင် on 20:36 Rating: 5
Powered by Blogger.