လူငယ်ညီလာခံအတွက် ကြုံတွေ့ရသည့် အခက်အခဲများ လူငယ်များ ကိုယ်တိုင်ဖြေရှင်းရန် လုပ်ပိုင်ခွင့်ပေးထားဟုဆို


NLD လူငယ်ညီလာခံကျင်းပရန် ကြုံတွေ့ရသည့် အခက်အခဲများကို လူငယ်များကိုယ်တိုင် ဖြေရှင်းကြရန် လုပ်ပိုင်ခွင့် အပြည့်အဝပေးထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမကို ပြောသည်။ “လူငယ်ညီလာခံနဲ့ ပတ်သက်လို့တော့ အခက်အခဲတွေရှိတယ်။ ဒါသူတို့ဖာသာဖြေရှင်း ကျွန်မတို့ လုပ်ပိုင်ခွင့် ပေးထားတယ်”ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁၄ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း ၌မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လူငယ်ညီလာခံအတွက် ကြုံတွေ့ရသည့် အခက်အခဲများ လူငယ်များ ကိုယ်တိုင်ဖြေရှင်းရန် လုပ်ပိုင်ခွင့်ပေးထားဟုဆို လူငယ်ညီလာခံအတွက် ကြုံတွေ့ရသည့် အခက်အခဲများ လူငယ်များ ကိုယ်တိုင်ဖြေရှင်းရန် လုပ်ပိုင်ခွင့်ပေးထားဟုဆို Reviewed by သစ်ထူးလွင် on 21:41 Rating: 5
Powered by Blogger.