၂၀၁၅ ခုနှစ်မှ စတင်၍ ငါးနှစ်အတွင်း မြန်မာ့လေကြောင်းအတွက် ဘိုးရင်းကုမ္ပဏီမှ လေယာဉ်အသစ် ၁၀ စင်း ၀ယ်ယူသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဇန်န၀ါရီ ၁၄ ရက်၌ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် န၀မပုံမှန် အစည်းအဝေး ဒုတိယနေ့ ရပ်နားချိန်တွင် ပြောကြားသည်။ ' ၂၀၁၅ ကစပြီးတော့ မြန်မာ့လေကြောင်းအတွက် နောက်ဆုံးပေါ် ဘိုးရင်း 737 New Generation လေယာဉ်သစ်ကို တစ်နှစ်နှင်းစင်းနှုန်းနဲ့ သုံးနှစ်မှာ ခြောက်စင်းဝယ်ဖို့ လုပ်ထားတာရှိတယ်။ ခြောက်စီးပြည့်သွားရင် ဘိုးရင်းကပဲ နောက်ထပ်လေးစင်း ထပ်ဝယ်မယ်။ ငါးနှစ် အတွင်း စုစုပေါင်း ၁၀စင်း ၀ယ်မယ်။ ပြည်တွင်းမှာလည်း သုံးမယ်။ ပြည်ပခရီးစဉ်ကို ကိုရီးယားနဲ့ ဂျပန်ကိုဆွဲဖို့ စီစဉ်ထားတယ် ' ဟု ၀န်ကြီးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာ့လေကြောင်း ဘိုးရင်းလေယာဉ်သစ် ၁၀ စင်း ၀ယ်မည်
Reviewed by သစ်ထူးလွင်
on
20:51
Rating:
![မြန်မာ့လေကြောင်း ဘိုးရင်းလေယာဉ်သစ် ၁၀ စင်း ၀ယ်မည်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KVusEzFBFiUEUEiDKOUF50Z4fbACta5p8k8A-FcJtuhgKfCRsLx-lyIIF4XdPJQdRCHccPjkhsfbCgm5bpl_V3tjtyW_mrNa2Hr2SzjBn6H5HH5nny_TtRx1KtwkmIoVeEJsI6y99g8/s72-c/14.jpg)