ဘုရားဖူး အယောင်ဆောင်ဘင်္ဂလီ(၅)ဦးအား အမ်းမြို့ တွင်ဖမ်းဆီးရမိ |
ရခိုင်ပြည်နယ် အမ်းမြို့  ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ ၈.၁.၂၀၁၄နေ့ ည ၁၁နာရီ ၃၀မိနစ်အချိန်တွင် စစ်တွေမြို့ ကနေ ထွက်ခွာလာသည့် ဘုရားဖူးယာဉ် အယောင်ဆောင် ယာဉ်အမှတ် MDY.CC.8463(probox) ကားပေါ်မှာ ဘင်္ဂလီလူမျိုး(၅)ဦး ဖမ်းဆီးရမိ ခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။
အဆိုပါ စစ်ဆေးရေး ဂိတ်မှာ လ/ထ လဝကမှူး တင်မင်းလတ် ဦးဆောင်သော အဖွဲ့ မှ စစ်ဆေးရေး တာဝန်များ ထမ်းဆောင်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်။
ဘင်္ဂလီအဖွဲ့ ကို ဦးဆောင်ခေါ်ယူလာသူမှာ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီးတပ်ကြပ်လှမင်းဦး (၈/ရစက)(နိုင်) ၁၀၇၃၂၇ (ဘ) ဦးစံကင်း ယာဉ်အမှတ် MDY.CC.8463./probox ယာဉ်မောင်းဟန်လင်း (၇/ကဝန) (နိုင်) ၀၉၀၆၁၂
ကိုင်ဆောင် ထားသူတွေလို့  ဆိုပါတယ်။
ဖမ်းဆီးမိတဲ့ ဘင်္ဂါလီ (၅)ဦးမှာ ကျား(၃)ဦး မ(၂)ဦး ဖြစ်ပြီး လူကုန်ကူးတဲ့ ဒရိုင်ဘာနှင့်ရဲအပါအဝင် စုစုပေါင်း(၇)ဦးကို အမ်းမြို့ မှာ ဖမ်းဆီးထားကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါသည်။
by သစ်ထူးလွင်
ဘုရားဖူးအယောင်ဆောင်ဘင်္ဂလီ(၅)ဦးအား အမ်းမြို့ တွင်ဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
05:54
Rating: