မြန်မာသည် အာရှ၌ ဆင်စွယ်ရောင်းဝယ်မှု အများဆုံးဟုဆို


မြန်မာနိုင်ငံသည် အာရှဒေသ တစ်ခွင်၌ ဆင်စွယ်နှင့် ဆင်စွယ်ထွက်ကုန် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားမှု အများဆုံး ပြုလုပ်နေသည့် နိုင်ငံဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် တောရိုင်း တိရစ္ဆာန်နှင့် ပန်းမျိုးနွယ်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင်ရှိသော ရှမ်းပြည်နယ် မိုင်းလားမြို့သည် ဆင်စွယ် မှောင်ခို အရောင်းအဝယ် အများဆုံး ပြုလုပ်နေသည့် ဈေးကွက် တစ်ခု ဖြစ်ပြီး ယင်းဒေသတွင်း၌ ဆင်စွယ်နှင့် ဆင်စွယ်ထွက်ကုန် ရောင်းချနေသော ဆိုင်ခန်းပေါင်း ၂၇ ခု အထိ ရှိနေသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မြန်မာသည် အာရှ၌ ဆင်စွယ်ရောင်းဝယ်မှု အများဆုံးဟုဆို မြန်မာသည် အာရှ၌ ဆင်စွယ်ရောင်းဝယ်မှု အများဆုံးဟုဆို Reviewed by သစ်ထူးလွင် on 15:02 Rating: 5
Powered by Blogger.