ရန်ကုန်မြို့လယ်၊ လမ်းမတော်မြို့နယ်တွင် ဇန်န၀ါရီ ၁၄ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးငယ်တစ်ဦးကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသူအား ဖမ်းမမိသေးကြောင်း သတင်းရရှိသည်။ လမ်းမတော်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၇ လမ်းထောင့်ရှိ တိုက် ပထမထပ်တွင်နေထိုင်သော သူနာပြုတက္ကသိုလ်နောက်ဆုံးနှစ် တက်ရောက်နေသည့် အသက် (၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဆိုပါတိုက်လှေကားခြေရင်းတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းနေ အမျိုးသားက မျက်နှာနှင့် ရင်ဘတ်အား နံနက် ၇ နာရီ ခန့်က ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း လမ်းမတော်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
14.1.2014 နေ့ မနက် 7.00 ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် အမှတ် ၃ ရပ်ကွက် အိမ်မှတ် 97 A လှေခါးတွင် သမီး ရည်းစားနှစ်ဦး စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သည်။ Ko thein Zaw (facebook) |
ရန်ကုန်မြို့လယ်တွင် အမျိုးသမီးငယ်ကို ဓားဖြင့်ထိုးသောတရားခံ ဖမ်းမမိသေး
Reviewed by သစ်ထူးလွင်
on
22:00
Rating:
![ရန်ကုန်မြို့လယ်တွင် အမျိုးသမီးငယ်ကို ဓားဖြင့်ထိုးသောတရားခံ ဖမ်းမမိသေး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE02fHs3ZonTnPUYrFfydqpeHn8iNFgjG9dXzdE37EguLSy5-2SbU403ZY6tfwxjKCobtTAkzhSMXagy4tNesugLoZ8l2pr-XmRufm5CXpMXvYwsDdVVt7-Vq4X73bRaRcilvR9QaVSqw/s72-c/1.jpg)