စာချုပ်ချုပ်ပြီးဟောသည့် ဗေဒင်ဆရာအဖွဲ့ တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းခံရ


စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့၊ မြို့မရပ်ကွက်တွင် စာချုပ်ချုပ်ဆိုပြီး ထီပေါက်ကိန်း ရှိသည်ဟု ဟောပြောသည့် ဗေဒင်ဆရာအဖွဲ့ကို နှစ်ဆယ့်ငါးကျပ်တန် အခွန်တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့်
ဖမ်းဆီးအရေးယူ လိုက်သည်ဟု ပင်လယ်ဘူး မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂ဝ တွင် မဇ္ဈိမကို ပြောသည်။ အဆိုပါ ဗေဒင်၊ လက္ခဏာဟောပြောသူများသည် ယာဉ်အမှတ် ၃က၊ ၂၁၂၉ ဘင်ကားအဖြူရောင်းဖြင့် ပင်လယ်ဘူးမြို့ အတွင်းရှိ လူနေရပ်ကွက်များသို့ လှည့်လည်၍ ဟောပြောခြင်း၊ ဟောစာတမ်းများ ရောင်းချခြင်း ပြုလုပ်နေချိန်တွင် ပင်လယ်ဘူး မြို့မရဲစခန်း ခေတ္တရဲစခန်းမှူး ရဲအုပ်အောင်အောင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




စာချုပ်ချုပ်ပြီးဟောသည့် ဗေဒင်ဆရာအဖွဲ့ တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းခံရ စာချုပ်ချုပ်ပြီးဟောသည့် ဗေဒင်ဆရာအဖွဲ့ တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းခံရ Reviewed by သစ်ထူးလွင် on 15:08 Rating: 5
Powered by Blogger.