မိတ္ထီလာမြို့နယ် ကျွန်းဖိုပင်အုပ်စု ကျွန်းဖိုပင်ရွာမှ အခကြေးငွေယူ၍ နွားအငှားမောင်းသူ ဦးဇော်ထွန်း နွားပို့ သွားရင်း သေဆုံးခဲ့မှုကို ရဲစခန်းက သေမှုသေခင်း ဖွင့်သော်လည်း မြို့နယ်တရားရုံးက ပုဒ်မ ၃၀၂ ဖြင့် ပြန်လည် စစ်ဆေးရန် ဇန်နဝါရီလ ၈ ရက်နေ့က အမိန့် ချမှတ်လိုက်ကြောင်း ကျွန်းဖိုပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက ပြောကြားသည်၊ မိတ္ထီလာမြို့နယ် ကျွန်းဖိုပင်အုပ်စု ကျွန်းဖိုပင်ရွာမှ ဦးဇော်ထွန်း (၃၆) နှစ်သည် အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီက သာစည်မြို့နယ် ဟံဇားကျေးရွာနေ ဦးနန်းတင် ဝယ်လာသော နွားမ (ဝါညိုရောင်) ကို မိတ္ထီလာဈေးမှ ဟံဇားရွာသို့ ၅၀၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးရန် ထွက်ခွာ သွားခဲ့ကြောင်း၊ နွား အငှားမောင်းသူထံတွင် ဒိုင်မှ ဝယ်ယူခဲ့သည့် စာရွက် ပါသွားခဲ့ကြောင်း၊ ထိုည ၁၀ နာရီ အချိန်တွင် ထီလာ စက်မှုဇုန် ရဲကင်းမှ သေဆုံးသူတွင် ဦးညွန့်အောင်ကျွန်းဖိုပင် အမည်ပါ စနေဒိုင် စာရွက်ပါရှိသဖြင့် ကျွန်းဖိုပင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပေးခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နွားအငှားမောင်းသူ သေဆုံးမှု လူသတ်မှုအဖြစ် စစ်ဆေးရန် အမိန့်ချ
Reviewed by သစ်ထူးလွင်
on
22:23
Rating:
