ဝန်ထမ်းတွေ လူထုစည်းဝေးပွဲ မသွားဖို့ တားမြစ်မှု ဒေါ်စုဝေဖန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်ရာအကြီးအကဲတွေက သူတို့ရဲ့ ၀န်ထမ်းတွေကို  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် မကြိုဆိုဖို့နဲ့ လူထုတွေ့ဆုံပွဲကို မတက်ရောက်ဖို့အတွက် ညွှန်ကြားခဲ့တယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီကနေ့ မနက်က ကျင်းပတဲ့ ဟားခါးမြို့ လူထုတွေ့ဆုံပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ညွှန်ကြားတာဟာ လူအခွင့်အရေးချိုးဖောက်တာဖြစ်ပြီး လွှတ်တော်မှာ တင်ပြအရေးယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ဟားခါးမြို့ရောက်ရှိ။ (သတင်းဓာတ်ပုံ- NLD Chair Person FB)


ဝန်ထမ်းတွေ လူထုစည်းဝေးပွဲ မသွားဖို့ တားမြစ်မှု ဒေါ်စုဝေဖန် ၀န်ထမ်းတွေ လူထုစည်းဝေးပွဲ မသွားဖို့ တားမြစ်မှု ဒေါ်စုဝေဖန် Reviewed by သစ်ထူးလွင် on 06:09 Rating: 5
Powered by Blogger.