လားရှိုး မြို့မဈေးကြီး အတွင်း ခါးပိုက်နှိုက် အလစ်သုတ်များ သတိထား


လားရှိုး မြို့မဈေးကြီး အတွင်း ခါးပိုက်နှိုက် အလစ်သုတ်များ ရှိလာသည့်အတွက် ဈေးသူဈေးသားများမှ ဈေးဝယ် လာရောက်သူများအား သတိပေးမှုများ ပြုလုပ်လျက်ရှိသလို ဈေးကော်မတီနှင့် တာဝန်ကျ ရဲတပ်ဖွဲ့များမှလည်း ဈေးအတွင်း လှည့်လည်သတိပေးကာ စောင့်ကြည့်မှုများ ပြုလုပ်နေရကြောင်း ဈေးသူဈေးသားများထံ သစ်ထူးလွင်မှ  စုံစမ်းသိရှိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော် အကြိုရက်များအတွင်း လားရှိုးမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဈေးလာရောက် ၀ယ်ယူသူများ အထူးများပြားလျက်ရှိရာ ငွေပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားနေကြောင်း လားရှိုးဈေးအတွင်းရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြသည်။

" ရွာကလာပြီးပစ္စည်းဝယ်၊ ဈေးဝယ်တဲ့သူတွေရဲ့ ပိုက်ဆံအိတ်တွေ နှိုက်ခံရတာပိုများတယ်။ တချို့ဆိုရင် ပစ္စည်းမ၀ယ်ရသေးခင် ဖြစ်ပွားတာကြောင့် ဘာမှမ၀ယ်ရဘဲဒီအတိုင်း ပြန်သွားရတယ်။ ဆိုင်ကိုလာတဲ့ ဈေးဝယ်တွေကိုတော့ ရှမ်းစကား၊ တရုတ်စကားတွေနဲ့ သတိပေးနေရတယ် " ဟု ပလပ်စတစ်ဆိုင်ရှင်တစ်ဦးက ဆိုသည်။
တာဝန်ကျရဲအရာရှိတစ်ဦးက " ကျွန်တော်တို့ ဈေးဝယ်လာသူတွေ လုံခြုံမှုရှိစေဖို့ ဈေးကော်မတီနဲ့ပူးပေါင်းပြီး ဈေးအတွင်း လှည့်ကင်းဖြင့်ဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် ရွာမှဈေးဝယ်လာသူတွေကို ပိုမိုသတိထား စောင့်ကြည့်ပေးဖို့ မှာထားပါတယ်။ မိုးကုတ်ဖြစ်စဉ်ရှိတာကြောင့် ဒီမှာရှိတဲ့ ရွှေဆိုင်တွေရဲ့ လုံခြုံရေးကိုလည်း ဆောင်ရွက်နေရပြီး ဈေးဝယ်လာသူ ပြည်သူများအနေနဲ့ အထူးသတိရှိကြရန် မှာကြားလိုပါတယ် " ဟု ပြောကြားခဲ့သည်။

ရှမ်းလေး (မန်းတက္ကသိုလ်)
by Thit Htoo Lwin


လားရှိုး မြို့မဈေးကြီး အတွင်း ခါးပိုက်နှိုက် အလစ်သုတ်များ သတိထား လားရှိုး မြို့မဈေးကြီး အတွင်း ခါးပိုက်နှိုက် အလစ်သုတ်များ သတိထား Reviewed by သစ်ထူးလွင် on 06:59 Rating: 5
Powered by Blogger.