ထက်အောင်ကျော် (၂၈-၀၁-၂၀၁၄)
ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားကိုဖြတ်ပြီး စစ်ကိုင်းတောင်ပေါ်တက်ဖို့ပြင်တော့ လာသမျှကားတွေ အားလုံးကို ရပ်ခိုင်းပြီး ဂိတ်ကြေးတောင်းနေတာတွေ့ရပါတယ်။ ဂိတ်ဘေးက နီနီပြောင်ပြောင်ဆိုင်း ဘုတ်တွေကို ကြည့်လိုက်တော့ ဌာနဆိုင်ရာကားတွေလဲ ရပ်ပေးပါလို့ရေးထားတာတွေ့ရပါတယ်။
(ဌာနဆိုင်ရာကားများ လမ်းခွန်ပေးစရာမလိုတဲ့သဘောရေးထားတဲ့ ဆိုင်းဘုတ်)
''ဌာနဆိုင်ရာမော်တော်ယာဉ်မှန် မမှန် စစ်ဆေးလိုပါသဖြင့်၊ မော်တော်ယာဉ်များ ခေတ္တရပ်ပေးပါရန် မေ တ္တာရပ်ခံအပ်ပါသည်'' တဲ့။ တမျိုးကြီးပါလား။ နော်ဝေးမှာရော၊ ထိုင်းမှာပါ ဒီလိုမျိုးသတိပေးချက် မတွေ့ မိပါဘူး။ အသေချာပြန်ဖတ်ကြည့်တော့ ''ဌာနဆိုင်ရာ တံဆိပ်များ အယောင်ဆောင်တပ်ဆင်၍ လမ်း/ တံတား၊ ဂိတ်ကြေးများမပေးပဲ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေလို့'' ဒီလိုမေတ္တာရပ်ခံရတာပါ တဲ့။
ဆိုလိုတာက ဌာနဆိုင်ရာကားဆိုရင် တံတားကြေး၊ ဂိတ်ကြေးပေးစရာမလိုဘူးပေါ့။ ဘာကြောင့်လဲ။ ဒီ ကားတွေက မြေနဲ့မထိပဲ၊ လမ်းနဲ့မထိပဲ လေပေါ်မှာမောင်းသွားလို့လား။ လမ်းခွန်ကောက်တာပဲ။ ဘယ် ကားဖြစ်ဖြစ် လမ်းပေါ်ဖြတ်တဲ့ကားမှန်သမျှ ကောက်ရမှာပေါ့။ ကွန်ပြူတာစနစ်ထဲမှာ ဌာနဆိုင်ရာကား ဆိုရင် (screen) စခရင်မှာမပေါ်ပဲ ကိုယ်ဖျောက်စနစ်နဲ့ဖြတ်သွားလေရော့သလား။ တခြားနိုင်ငံတွေက ကွန်ပြူတာစနစ်နဲ့ မြန်မာနိုင်ငံက ကွန်ပြူတာစနစ် မတူကြဘူးလားလို့တွေးချင်စရာကြီး။
ထူးခြားလှတဲ့မြန်မာနိုင်ငံက လမ်းခွန်ကောက်တဲ့စနစ်ကိုစဉ်းစားရင်း စစ်ကိုင်းတောင်ပေါ်တက်လာပါ တယ်။ စစ်ကိုင်းတောင်က အရင်လို လမ်းလျောက်စရာမလိုတော့။ တောင်ထိပ်က ဆွမ်းဦးပုညရှင် စေ တီအထိ ကားလမ်းပေါက်နေပြီ။ အင်း...ကျိုက်ထီးရိုးမှာလဲ လမ်းလျောက်စရာမလို၊ စစ်ကိုင်းတောင်ကို လဲ လမ်းလျောက်စရာမလိုအောင်လုပ်ပေးထားတဲ့ လူတွေကိုပဲကျေးဇူးတင်ရမလား။ သဘာဝအတိုင်း ခရီးသွားခွင့်ရအောင် မူလအတိုင်းထားပေးသင့်သလား။ ဓမ္မမိတ်ဆွေနဲ့ သဘာဝမိတ်ဆွေတွေ ဆက် ဆွေးနွေးသင့်တဲ့ကိစ္စတခုပေါ့။
(သနပ်ခါးလို မမွှေးနိုင်တဲ့ သနပ်ခါးဈေးသည်ဘ၀များ)
စစ်ကိုင်းတောင်ပေါ်ကပြန်ဆင်းတော့ ကောင်းမှုတော်စေတီ။ ကျနော်အတွက်တော့ သမိုင်းဝင်စေတီ ကြီးထက် စေတီဘေးမှာ သနပ်ခါးတုံးရောင်းနေရတဲ့ မိသားစုတွေရဲ့ ဘ၀တွေက ပိုပြီးစိတ်ဝင်စားဘွယ် ဖြစ်နေပါတယ်။ ပြီးတော့ စေတီဘေးနားမှာစိုက်ထားတဲ့ အပူပိုင်းဒေသ သစ်တောစိုက်ခင်းတွေ။ အညာ မြေကို စိမ်းလမ်းစိုပြေစေဖို့ တတ်နိုင်သလောက်ဝိုင်းလုပ်ဖို့လိုနေတယ်ဆိုတဲ့သဘော။
ကောင်းမှုတော်ကအပြန်မှာတော့ မန္တလေးရောက်ရင် လူတိုင်းမပျက်မကွက်သွားလေ့ရှိတဲ့ ဦးပိန်တံ တား။ ''ဦးပိန်တံတားနီးမှာ ထိုင်းဘုရင်အုတ်ဂူရှိတယ်လို့ ကြားဖူးတယ်ဗျ'' ဆိုပြီး ကျနော်က ကားသ မားကိုမေးတော့ သူကသိပ်မသိ။ လမ်းဘေးကလူတွေကိုမေးကြည့်တော့ အမှိုက်ပုံတွေနဲ့ရှုပ်နေတဲ့ လမ်း သွယ်တခုထဲညွှန်လိုက်ပါတယ်။ အထဲရောက်တော့ သချိုင်းဟောင်းတခု။ ''လင်းဇင်းကုန်း'' သချိုင်းလို့ လူသိများတဲ့ အဲဒီသချိုင်္င်းဟောင်းတွေထဲက စေတီလိုလို၊ အုတ်ဂူလိုလိုတခုကိုတော့ ခြံစည်းရုံးခတ်ပြီး ပြန်လည်တူးဖေါ်နေတာတွေ့ရပါတယ်။
အဲဒါ ကျနော်ဧရာဝတီဂျာနယ်မှာဖတ်ဖူးတဲ့ ထိုင်းဘုရင်အုတ်ဂူပေါ့။ ဂိတ်ပေါက်ဝရောက်တော့ ''ဆ၀ါဒီ ခပ်'' ဆိုပြီး အစောင့်တဦးကနှုတ်ဆက်ပါတယ်။ အင်းပေါ့လေ။ ထိုင်းဘုရင်အုတ်ဂူဆီလာတယ်ဆိုတော့ ကျနော်တို့ကိုလဲ ထိုင်းလို့ပဲ သူတို့ကထင်နေမှာပေါ့။ ပြီးတော့ သမိုင်းအချက်လက်တွေကို သူက အ သေးစိပ်ထပ်ရှင်းပြနေပါတယ်။
(ဆရာတာရာနှင့် ဆရာတင်မိုးတို့ရဲကျောက်စာတိုင်များ)
အဲဒီ ထိုင်းဘုရင်အုတ်ဂူကနေ ဒီဖက်ကိုလှည့်ထွက်လိုက်တော့ တောင်လုံးလေးကျောင်းတိုက်။ ဒီ ကျောင်းကို အခုမှလူကိုယ်တိုင်ရောက်ဖူးပေမဲ့ အရင် DVB မှာတာဝန်ထမ်းစဉ်က ခဏခဏဖုန်းဆက်ပြီး နိုင်ငံရေး၊ စာပေရေးအခန်းနားတွေအကြောင်းမေးနေကြ။ ကျနော့်စိတ်ထဲ ဒီကျောင်းက မန္တလေးက စာ သင်တိုက်ကြီးတွေလို အကြီးကြီးလို့ထင်ထားပေမဲ့ တကယ်ရောက်သွားတော့ ထင်ထားသလို မကြီးပါ။ ဒါပေမဲ့ အဆောက်ဦးက မကြီးကျယ်ပေမဲ့ သမိုင်းတန်ဖိုး၊ စာပေတန်ဖိုးအရတော့ အတော်ကြီး ကျယ် တယ်လို့ ထင်ပါတယ်။
ဆရာတော်ဦးပညာကိုကန်တော့ပြီးတဲ့နောက် ကျောင်းဘေးနားရှိ စေတီရှေ့က ကျောက်စာတိုင်တွေဆီ ရောက်သွားပါတယ်။ ကျောက်စာတိုင် ၂ ခုကိုတွေ့ရပြီး တခုက သြဂုတ်လ ၁၉ ရက်နေ့ကမှ ကွယ်လွန် သွားတဲ့ ငြိမ်ချးမ်းရေးကဗျာဆရာကြီးဒဂုံတာရာရဲ့ ကျောက်စာတိုင်။ ''ရန်သူမရှိ မိတ်ဆွေသာရှိ၊ နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာ'' လို့ပြောခဲ့တဲ့ ကဗျာဆရာကြီး။ DVB မှာ တာ ၀န်ထမ်းစဉ်က ခဏခဏဖုန်းခေါ်ပြီး အင်တာဗျုးလုပ်ခဲ့ဖူးတဲ့ သက်ရှိသမိုင်းစာအုပ်ကြီး။ အခု လူကိုယ် တိုင်ရောက်လာတဲ့အခါမှာတော့ ဆရာကသက်ရှိထင်ရှားမရှိတော့။ သူရဲ့ကျောက်စာတိုင်ကိုဂါရ၀ပြုရုံမှ တပါး လူချင်းတွေ့ခွင့် မရနိုင်တော့ပါ။
ဆရာကြီးတာရာရဲ့ကျောက်စာတိုင်းဘေးမှာတော့ ကျနော်တို့ DVB မှာ တာဝန်ထမ်းသွားခဲ့ဖူးတဲ့၊ နိုင်ငံ ရေးကဗျာ၊ ကလေးကဗျာ၊ လူသားအကျိုးပြုကဗျာပေါင်းများစွာကိုရေးခဲ့သူပြီး အမေရိကန်ပြည်ထောင်စု မှာ ကွယ်လွန်သွားသူ ကဗျာဆကြီးတင်မိုးရဲ့ ကျောက်စာတိုင်။ ဒီနှစ်ခုပဲတွေ့ရတော့ ကျန်တဲ့ကျောက်စာ တိုင်တွေကဘယ်မှာလဲဆိုပြီး ဆရာတော်ကိုမေးမိပါတယ်။
ကျောင်းနဲ့မျက်နှာချင်းဆိုင် လမ်းတဘက်မှာ ဆရာကြီးဦးညိုမြ၊ ဆရာမြသန်းတင့်၊ မဟာဆွေ၊ တက္က သိုလ်မောင်စောလွင်၊ ငွေဥဒေါင်းတို့အတွက် သစ်ပင်၊ ကျောက်စာတိုင်နဲ့ ထိုင်ခုံတွေရှိတယ်လို့ ဆရာ တော်ကမိန့်ပါတယ်။ ဒါပေမဲ့ အချိန်မရလို့ ကျနော်မ၀င်ဖြစ်ခဲ့ပါ။ ဦးပိန်တံတားဖက် ကားထွက်လာတော့ မှ ဒါဆို ကျနော်တို့ အင်တာဗျုးခဏခဏလုပ်ဖူးတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ကျောက်စာတိုင်က ဘယ်မှာလဲဆိုပြီး မေးခွန်းကပေါ်လာပါတယ်။
''ဒီလိုကျောက်စာတိုင်လုပ်ဖို့ စတင်စိတ်ကူးပေါ်ခဲ့တဲ့ ဒေါက်တာသန်းထွန်းကိုယ်တိုင်ရဲ့ အမှတ်တရ သစ် ပင်နဲ့ ကျောက်စာက လုပ်ပြီးမှ အဖျက်ခံရတယ်'' ဆိုပြီး မန္တလေးဒေသခံ စာရေးဆရာတဦးက နောက် ပိုင်းကျမှကျနော်ကို ပြောပြခဲ့ပါတယ်။ လူထုဒေါ်အမာအတွက် ကျောက်စာတိုင်ကတော့ မလုပ်ရသေး ဘူးလို့ဆိုပါတယ်။ ဒါမေပဲ့ လူထုဦးလှနဲ့ ရွှေကိုင်းသားအတွက် အမှတ်တရသစ်ပင်နဲ့ ကျောက်စာက တော့ မန္တလေး မြတောင်တိုက်မှာ ရှိပြီးသားဖြစ်တယ်လို့ အဲဒီဆရာကပြောပါတယ်။
(တောင်သမန်အင်းထဲက ငှက်)
နာမည်ကြီးလှတဲ့ ဦးပိန်တံတားထိပ်မှာတော့ နိုင်ငံခြားဧည့်သည်တွေ၊ ပြည်တွင်းဧည့်သည်တွေ၊ ဈေး ဆိုင်တွေနဲ့စည်ကားဆူညံလို့။ တချို့က ကိုယ်ပိုင်ကား၊ တချို့ကဘတ်စ်ကား၊ တချို့ကမော်တော်ဆိုင် ကယ်တွေနဲ့။ ဒီဇင်ဘာဆိုတော့ ရေကနဲနဲခမ်းစပြုနေပြီ။ ဒါပေမဲ့ မြင်ကွင်းက ရေလျော့ချိန်မှ တောင်သ သမန်အင်းရဲ့ညနေက ပိုလှနေသလိုပါပဲ။
ထူးထူးခြားခြား ဒီတံတားပေါ်ရောက်မှ Tourist Police ဆိုတာကိုတွေ့ရပါတယ်။ ညနေ ၅ နာရီ လောက်ဖြစ်နေတော့ ဒီတံတားက ဘယ်အချိန်ထိဖွင့်သလဲဆိုပြီး အဲဒီရဲကိုသွားမေးမိပါတယ်။ ''ခင်ဗျား က ဘယ်အဖွဲ့ကလဲ'' လို့ သူကပြန်မေးပါတယ်။ ''သတင်းမေးတာ ကျနော်ဘယ်အဖွဲ့ကလဲဆိုတာ ပြောဖို့ လိုလို့လား'' ဆိုပြီး ကျနော်ပြန်မေးတော့ သူသိပ်ကျေနပ်ပုံမရ။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ခရီးစဉ်တုန်း က နေပြည်တော် လွှတ်တော်ရှေ့ရောက်စဉ်မှာလဲ သတင်းမေးတဲ့အခါ ရဲတွေက ဒီလိုပြန်မေးလေ့ရှိတာ ကို ကျနော်သတိထားမိပါတယ်။
ကျနော်ရောက်ခဲ့ဖူးတဲ့ တခြားနိုင်ငံတွေမှာတော့ သတင်းမေးတဲ့လူကို ဘယ်ကလဲ၊ ဘာကြောင့်မေးတာ လဲလို့ မေးခွန်းပြန်ထုတ်လေ့မရှိပါ။ ဒီရဲတွေရဲ့တာဝန်ကိုက သတင်းမေးတဲ့ Tourist တွေကို ဖြေကြားပေး ဖို့အတွက် Tourist Police ဆိုပြီး ပြည်သူ့အခွန်ငွေထဲကနေ သူတို့ကို လစာပေး ခန့်ထားတယ်မဟုတ်ပါ လား။ ဒါပေမဲ့ ခေတ်ပြောင်းစမြန်မာနိုင်ငံမှာတော့ ခေတ်ဟောင်းက Mindset (စဉ်းစားပုံ) တွေကို ချက် ချက်းဖျောက်ဖို့ခက်နေတုန်းနဲ့ တူပါတယ်။
ဒီရဲနဲ့စကားပြောရတာ တောင်သမန်အင်းနဲ့ ဦးပိန်တံတားရဲ့ ညနေခင်းအလှတောင် ပျောက်သွားရသလို ပါပဲ။ Tourist Police တွေကိုလဲ နိုင်ငံရပ်ခြားဆီ Tourist အဖြစ် အရင်လေ့လာရေး လွတ်ပေးဖို့လိုနေ လေမလားလို့ စဉ်းစားမိပြန်ပါတယ်။ တံတားရဲ့ဟိုဖက်နားက မြေနုကျွန်းပေါ်ရှိ သစ်ပင်ငုတ်တိုကြီးတခု အောက်မှာတော့ ထန်းရည်ဝိုင်းလား၊ ရေနွေးကြမ်းဝိုင်းလားသိပ်မကွဲပြားလှတိုင်း ၀ိုင်း ၃-၄ ခု။ ဒီဖက်မှာ တော့ အုန်းသီးနုရည်နဲ့ စားစရာတွေရောင်းတဲ့ဆိုင် တန်းတခု။ အဲဒီနောက်မှာတော့ ထန်းရွက်တွေနဲ့ကာ ထားတဲ့ ယာယီအိမ်သာတလုံး။
(တောင်သမန်ရေပြင်ပေါ်က ဆိုင်တန်းတခု)
ဒီဖက်နားကိုကြည့်လိုက်တော့ ဘဲမွေးမြူရေးခြံနဲ့ ညစ်ထေးရေများ။ ဘေးပတ်ဝန်းကျင်ကို အသေးစိပ် ကြည့်မယ်ဆိုရင်တော့ ပလစတစ်အမှိုက်တွေကို အတော်များများတွေ့ရနိုင်ပါတယ်။ ရှေးဟောင်းသစ် သားတံတားပေါ် လမ်းလျောက်နေသူတွေထဲက တချို့ဟာလဲ ဆေးလိပ်သောက်ပြိး ဆေးလိပ်တိုကို ရေ ကန်ထဲပစ်ချနေတာမြင်ခဲ့ရပါတယ်။
ပိုဆိုးတာက ဦးပိန်တံတားကနေ မန္တလေးဖက်ပြန်ထွက်တဲ့လမ်းဘေးမှာ အမှိုက်ပုံကြီးက နဲတာမဟုတ်။ ကိုရင်ငယ်တပါးနဲ့သီလရှင်ငယ်တပါးတို့က အမှိုင်ခြင်းတလုံးကိုသယ်ပြီး တောင်သမန်အင်းထဲ ပစ်ချနေ တာကိုလဲတွေ့ခဲ့ရပါတယ်။ အဲဒီအမှိုက်ပစ်ချတဲ့ဘေးနားက ရေစပ်မှာ ငှားမျှားနေသူတွေရှိနေပေမဲ့ ဒီလို အမှိုက်ပစ်တာကို ဘယ်သူကမှအထူးအဆန်းလုပ် ကြည့်မနေကြပါ။ Tourist Police တွေရဲ့တာဝန်ထဲ မှာလဲ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ အင်းထဲအမှိုက်ပစ်တာကို ကာကွယ်ရေးတွေ မပါဘူးထင် ပါရဲ့။
နောက်တနေ့မနက်မှာတော့ တခါမှမရောက်ဖူးသေးတဲ့ ရှမ်းပြည်ခရီး စတင်ပါတယ်။ မန္တလေး-တောင် ကြီး မီနီဘတ်စ် (အံစာတုန်းကားလို့လဲ ခေါ်ကြပါတယ်) မှာလူပြည့်သွားတဲ့အတွက် ဗင်ကားပဲ ကျန် တော့တယ်လို့ဆိုပါတယ်။ ဗင်ကားနဲ့ မီနီဘတ်စ်ကို ကျနော်ကသိပ်မကွဲလို့ အသေချာ မေးရပါတယ်။ နောက်ဆုံးတော့ ဗင်ကားဆိုတာ ရန်ကုန်ကတက္ကစီတွေလိုပါပဲ။ လူ ၄ ယောက်စီးနိုင်ပြီး တဦးကို ၁၆၀၀၀ (တသောင်းခြောက်ထောင်) ကျတယ်လို့ပြောပါတယ်။
တခါမှမရောက်ဖူးတော့ ဘယ်လမ်းကမောင်းမယ်ဆိုတာကို ကျနော်မသိပါ။ ဒါပေမဲ့ လမ်းကြောင်း တ လျောက်ကမြို့ရွာတွေကို ကြည့်ချင်လို့ နေ့ခင်းဖက်ကားကို တမင်စီးတဲ့ကျနော်ဟာ မှန်းချက်နဲ့ နှမ်းထွက် လွဲသွားပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ ဗင်ကားက ရိုးရိုးဘတ်စ်ကားတွေလို စစ်ကိုင်၊ ကျောက် ဆည်၊ ၀မ်းတွင်း၊ သာစည်၊ ကလော၊ အောင်ဘန်းလမ်းအတိုင်းမသွားပဲ ကျောက်ဆည်ကနေ ရွာငံ ဖက်ကိုဖြတ်ပြီး တောလမ်းအတိုင်းမောင်းလာတဲ့အတွက် ဘာမှမမြင်လိုက်ရပါ။
ဘာကြောင့်ဒီလမ်းကသွားတာလဲဆိုပြီး ကားသမားကိုမေးကြည့်တော့ ဒီလမ်းက မူလလမ်းဟောင်း ထက် မိုင် ၄၀ ခန့်ပိုနီးတယ်လို့ဆိုပါတယ်။ သေပြီဆရာပေါ့။ အဲလိုမှန်းကြိုသိရင် ဒီကားနဲ့မလိုက်ပါဘူး။ ဒါပေမဲ့ အခုမှတော့ ဘာမှမတက်နိုင်။ သူမောင်းတဲ့လမ်းအတိုင်း ဆက်လိုက်သွားရုံမှတပါး တခြားရွေး စရာမရှိ။ တကယ်တော့ ရွာငံဆိုတာ ရှမ်းပြည်ထဲကိုရောက်နေပြီ။ ကျောက်ဆည်ဆိုတာက မန္တလေး တိုင်းထဲမှာရှိပြီး န၀တ ဥက္ကဌဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေမွေးရပ်မြေပေါ့။
ကျောက်ဆည်ကနေ ရွာငံဖက်ကိုထွက်လာကတည်းက တက်လိုက်ရတဲ့တောင်တန်းတွေက နဲတာ မ ဟုတ်။ လမ်းကလဲကြမ်း၊ ကားကလဲခုန်။ ပြီးတော့ ဒီလမ်းမှာပြေးနေတဲ့ ကားကလဲ တစီးစ နှစ်စီးစ ထက် မပို။ ရွာတွေကိုမမြင်ရပဲ တောနဲ့တောင်တန်းချည်းဖြစ်နေတော့ စိတ်ထဲမှာကြောက်သလိုလို ဖြစ်လာပါ တယ်။
''ဓားမြအတိုက်ခံရရင်တော့ ဒုက္ခပဲ'' လို့တွေးမိပါတယ်။ ရဲစခန်းတွေ၊ ရွာတွေကလဲအဝေးကြီးဆိုတော့ အကူညီတောင်းဖို့ကလဲမလွယ်။ ပြိးတော့မှ ''ဓားမြနဲ့တွေ့ရင်တောင် ဓာတ်ပုံမရိုက်ပဲနေနိုင်ပါ့မလား'' လို့ တွေးရင်းပြုံးမိပါသေးတယ်။
တောင်ကုန်းထိပ် တနေရာမှာတော့ လမ်းပြင်နေတဲ့အတွက် အတက်ကား၊ အဆင်းကားအားလုံး ၁၅ မီ နစ်ခန့် ရပ်စောင့်ခဲ့ရပါတယ်။ ရပ်စောင့်ရင်းနဲ့ လမ်းခင်းမှုအခြေနေကိုလေ့လာကြည့်တော့ လွန်ခဲ့နှစ် ၃၀ ကထက် နည်းပညာပိုင်းမှာ ဘာမှတိုးတက်မှုမတွေ့ရသေးပါ။ လမ်းဘေးမှာ မီးဖိုပြီး ကတ္တရာစေးပတွေ ကို အရည်ပျော်အောင်လုပ်။ အဲဒီအရေကို သစ်ပင်ရေလောင်းတဲ့ ရေပန်းလိုခွက်ထဲထည့်ပြီး လမ်းပေါ် မှာလောင်းပေါ့။ အလုပ်သမားတွေထဲမှာတော့ အမျိုးသမီးငယ်တွေအများကြီး။ နေကပူတော့ သနပ်ခါး ပါးကွက်ကြားကနေထွက်လာတဲ့ ချွေးတွေကို ခေါင်းပေါင်းစနဲ့သုတ်နေကြပါတယ်။
(ရှေးဟောင်းနည်းအတိုင်း လမ်းပြင်နေရဆဲ...)
လမ်းပြင်တာ အရင်ခေတ်ဟောင်းနည်းအတိုင်းရှိနေဆဲဖြစ်ပေမဲ့ ကားတွေကတော့ အတော်တိုးတက် လာပါတယ်။ ကျနော်စီးလာတဲ့ ဗင်ကားဆိုရင် Toyota Corolla။ ကားရပ်ရင်းနဲ့ နောက်ကမှီလာတဲ့ ကားတွေကိုကြည့်တော့လဲ ဗင်ကားတွေအားလုံးက ဒီတံဆိပ်ချည်းပါပဲ။ ကားဆရာကတော့ ဒီတံဆိပ်က အကြမ်းခံတယ်၊ တောင်တက်ဆွဲတယ်လို့ပြောပါတယ်။
ကားအကြောင်းပြီးတော့ ကားပေါ်က လူ ၄ ဦးအကြောင်း။ မန္တလေးမှာတရုတ်တွေများတယ်ဆိုတာကို ဒီကားက သက်သေပြနေသလိုပါပဲ။ ဘာကြောင့်လဲဆိုရင် ၄ ဦးထဲက ၂ ဦးကတရုတ်။ တယောက်က အသက် ၆၀ ၀န်းကျင် ပိန်ပိန်ပါးပါး။ နောက်တယောက်က အသက် ၃၀ ၀န်းကျင် သားသားနားနား။ မန္တ လေးကနေ ရွာငံတောင်တန်းအလွန် နေ့လည်စာစားတဲ့ဆိုင်တန်းရောက်တဲ့အထိ ဒီလူတွေက ကျနော် တို့ကို စကားတလုံးမှမပြော။ ပထမတော့ ကျနော်က ကင်မရာတကားကားနဲ့ရိုက်နေသူဆိုတော့ သ တင်းထောက်ထင်ပြီး စကားမပြောချင်တာပဲလို့ထင်ထားခဲ့တာပါ။
စားသောက်ဆိုင်မှာ ထမင်းစားဖို့ထိုင်တော့မှ အဲဒီပုဂ္ဂိုလ်တွေက လက်ကိုင်ဖုန်းထုတ်ပြီး တရုတ်ဘာသာ နဲ့အဝေးကို လှမ်းပြောနေတာကြားလိုက်ရပါတယ်။ ဒီတော့မှ ကျနော်တို့လဲ ရယ်မိပါတယ်။ ဟုတ်တယ် လေ။ တရုတ်စကားပြောနေတဲ့လူတွေက မြန်မာနိုင်ငံသားကဒ်တွေနဲ့။ မြန်မာစကားပြောတဲ့ ကျနော်တို့ က နိုင်ငံခြားသားစာအုပ်တွေနဲ့။ ကားသမားက တောင်ကြီးသားဆိုပေမဲ့ အညာရုပ်မျိုး။ အဆိုတော် ကို ခင်မောင်တိုးနဲ့အတော်ဆင်တဲ့လူ။
ခင်မောင်တိုးဆိုလို့ ဒီဖက်လမ်းမှာမောင်းတဲ့ကားတွေက အတော်ဟောင်းပါတယ်။ ကျနော်ပြောချင်တာ က ခင်မောင်တိုးသီချင်း နားထောင်ချင်လို့ပါ။ ဒါပေမဲ့ ကားကဟောင်းနေတော့ ကက်ဆက်တွေ၊ စီဒီ တွေ၊ FM ရေဒီယိုတွေဖွင့်လို့မရ။ ဟွန်းကလွဲရင် ကျန်တဲ့နေရာအားလုံး အသံထွက်တဲ့ဆိုတဲ့အခြေနေ မျိုးပေါ့။
(အောင်ပန်းမြို့အနီးက ဂေါ်ဖီလှည်းများ...)
ဒါပေမဲ့ ကားသမားက အတော်သဘောကောင်းပါတယ်။ တရုတ်နှစ်ယောက်နဲ့လဲ ''နိယောင်မ ရှဲရှဲ'' လုပ် ထားပြီးပြီဆိုတော့ ဓာတ်ပုံရိုက်လို့ကောင်းမဲ့နေရာတွေမှာ ကားဆရာကဖြေးဖြေးမောင်းပေးပါတယ်။ ရွာ ငံတောင်တန်းကြီးအလွန် စားသောက်ဆိုင် နောက်ပိုင်းမှာတော့ တောင်တန်းက သိပ်ကြီးကြီး မားမားမရှိ တော့ပါ။ မြေပြန့်သဘော၊ လွင်ပြင်သဘောမျိုးတွေ့လာရပါတယ်။ တချို့နေရာတွေမှာ ဆိုရင် ဂေါ်ဖီစိုက် ခင်းတွေ၊ စပါးငုတ်တို ရိုးပြတ်တောတွေကိုပါ တွေ့လာရပါတယ်။ ။
http://www.htetaungkyaw.net/

ဒုတိယ အကြိမ် ပြည်တော်ပြန်ခရီးစဉ် (၈)
Reviewed by သစ်ထူးလွင်
on
17:32
Rating: