မလေးရှားရောက် တရားမဝင် မြန်မာများကို အဖမ်းအဆီးမခံရမီ အထောက်အထား ထုတ်ပေးမည်


မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားများ အဖမ်းအဆီး မခံရမီ နေရပ်ပြန်လိုသည့် တရားမဝင် မြန်မာများကို တရားဝင် အထောက်အထား (Certificate of Identity) ထုတ်ပေး သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သက်တမ်းကုန်မည် ဖြစ်ပြီး ၂၁ရက်နေ့တွင် တရားမဝင် နိုင်ငံခြားသား အဖမ်းအဆီး စတင်မည်ဖြစ်ရာ သံရုံးက ထုတ်ပေးသည့် တရားဝင် အထောက်အထား (C of I) ဖြင့် နေရပ်ပြန်သူများသည် ဒဏ်ကြေးသာ ဆောင်ရမည် ဖြစ်ပြီး ပြစ်ဒဏ်များ ကျခံရမည် မဟုတ်ကြောင်း မြန်မာသံရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



မလေးရှားရောက် တရားမဝင် မြန်မာများကို အဖမ်းအဆီးမခံရမီ အထောက်အထား ထုတ်ပေးမည် မလေးရှားရောက် တရားမဝင် မြန်မာများကို အဖမ်းအဆီးမခံရမီ အထောက်အထား ထုတ်ပေးမည် Reviewed by သစ်ထူးလွင် on 16:10 Rating: 5
Powered by Blogger.