တီဘီ အဆုတ်ရောဂါ ဆေးယဉ်ပါးမှုဟာ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ ပိုတွေ့ လာရတယ်လို့ ကျန်းမာရေးဌာန၊ ဆေးသုတေ သန ဦးစီးဌာန (အောက်မြန်မာပြည်) ကနေ ဇန္နဝါရီလ ၆ ရက်နေ့ကနေ ၁ဝရက်နေ့အထိ ကျင်းပနေတဲ့ ဆေးသုတေသန ညီလာခံမှာ ထုတ်ဖေါ် ပြောကြားသွားပါတယ်။ တီဘီ အဆုတ်ရောဂါ ဖြစ်သူတွေထဲက အနည်းဆုံး ၄ ရာခိုင်နှုန်းလောက်ဟာ ဆေးမတိုးတော့တဲ့ ဆေးယဉ်ပါးမှုတွေ ဖြစ်တာ တွေ့ရတယ်လို့ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က တီဘီအဆုတ်ရောဂါ အထူး သုတေသန ပြုနေသူ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ချစ်က ဘီဘီစီကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တီဘီ ရောဂါ ဆေးယဉ်ပါးမှု အကြောင်းရင်းတွေ ထဲမှာ ဆေးမှန်မှန် မသောက်တာလည်း ပါ |
မြို့ကြီးတွေမှာ တီဘီ ရောဂါ ဆေးယဉ်ပါးမှု ပိုတွေ့ရ
Reviewed by သစ်ထူးလွင်
on
15:28
Rating: