ကယားပြည်နယ် လွိုင်ကော်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ကျတ်ဂူဟု လူသိများသည့် နေရာကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ သွားလာနိုင်သော ခရီးစဉ် ဒေသသစ်တစ်ခု အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။ ကျတ်ဂူကိုဒေသ၏ ပါးစပ်ရာဇဝင်အရ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့က လွန်ခဲ့သည့် ငါးလခန့်မှစတင်၍ သွားလာရေး လွယ်ကူစေရန် လမ်းဖောက်ခြင်း၊ ပြုပြင် ဆောင်ရွက်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ဆက်လက် ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကယားပြည်နယ်ရှိ ကျတ်ဂူကို ခရီးသွား နေရာသစ်အဖြစ် ဆောင်ရွက်မည်
Reviewed by သစ်ထူးလွင်
on
02:43
Rating: